ylliX - Online Advertising Network
ရခိုင်ပြည်နယ်အတွင်း စစ်ကူသွားသော ဧရာဝတီတိုင်းမှ စစ်ကောင်စီတပ်ရင်းများ အမြစ်ပြတ်ချေမှုန်းခံရ

ရခိုင်ပြည်နယ်အတွင်း စစ်ကူသွားသော ဧရာဝတီတိုင်းမှ စစ်ကောင်စီတပ်ရင်းများ အမြစ်ပြတ်ချေမှုန်းခံရ


RNA_ဒီဇင်ဘာ(၇)၊၂၀၂၄ခုနှစ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်နေသော ဂွမြို့နယ်အတွင်း စစ်ကူသွားသော ဧရာဝတီတိုင်း၊ ဟင်္သာတမြို့အခြေစိုက် ခလရ (၁၈) တပ်ရင်း၊ မအူပင်မြို့အခြေစိုက် ခလရ (၅၁) တပ်ရင်း၊ အိမ်မဲမြို့အခြေစိုက် ခလရ (၆၃) တပ်ရင်းနှင့် ရန်ကုန်၊ လှိုင်သာယာအခြေစိုက် ခမရ (၅၃၂) တပ်ရင်းတို့ပူးပေါင်းထားသည့် စစ်ကြောင်းတခုလုံး အာရက္ခတပ်တော်၏ အမြစ်ပြတ်ချေမှုန်းခံလိုက်ရကြောင်း သိရသည်။

စစ်ကူတက်လာသော အထက်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို အာရက္ခတပ်တော်မှ ဂွမြို့နယ်၊ သံခဲချိုင်ကျေးရွာ၊ သံခဲချိုင်ကျေးရွာကမ်းခြေအနီးနှင့် သံခဲချိုင်ကျေးရွာနှင့် ကင်းပုံကျေးရွာအကြား စသည့်နေရာများ၌ နိုဝင်ဘာလ (၂၄) ရက်မှ စတင်ဖြတ်တောက်တိုက်ခိုက်ရာ (၃) ရက်အတွင်း ခြေမှုန်းရာတွင် အင်အား (၁၈၄) ဦးပါ စစ်ကြောင်းမှ အလောင်း (၁၂၀) ကျော်နှင့် စစ်သုံ့ပန်းများ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ယမန်နေ့ညပိုင်းတွင် AA ကထုတ်ပြန်ထားသည်။



 

တိုက်ပွဲပြင်းထန်နေသော အမ်းမြို့နယ်အတွင်းလည်း မကွေးအခြေစိုက်တပ်မ (၈၈) လက်အောက်ခံ၊ နည်းဗျူဟာတစ်ခုတွင်လည်း ခမရ (၃၁၇)၊ ခမရ (၄၁၅)၊ ခမရ (၄၁၆) စသည့် တပ်ရင်းသုံးရင်းဖြင့် စုပေါင်းထားသော အင်အား (၁၃၀) ခန့်ပါ စစ်ကြောင်းကိုလည်း နိုဝင်ဘာ ၂၈ ရက်နေ့မှ စတင်ကာ အမ်းမြို့၏ မြောက်ဘက်၊ ရိုးတောင်၏လမ်းမထက် တစ်နေရာ၌ စတင်ဖြတ်တောက် တိုက်ခိုက်ရာ (၃) ရက်အတွင်း အလောင်း (၁၀၀) ကျော်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ထွက်ပြေးနေသော စစ်ကောင်စီလက်အောက်ခံ အနည်းငယ်ကိုလည်း ဆက်လက်ရှာဖွေနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် ဂွမြို့နယ်နှင့် အမ်းမြို့နယ်တိုက်ပွဲများအတွင်း လေကြောင်း၊ ရေကြောင်း၊ Suicide Drone မောင်းသူမဲ့ အသေခံဒရုန်းများကို အသုံးပြု၍ အသည်းအသန် ခုခံကာကွယ်နေသည့်ကြားမှ အာရက္ခတပ်တော်- AA ရဲဘော်များနှင့် မဟာမိတ်များက စစ်ကူစစ်ကြောင်းများအပြင် တပ်စခန်းများကိုပါ အပြတ်အသတ် ချေမှုန်း တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည််။

#RedNewsAgency #RNA #REDNEWS



Source link

Leave a Reply

Your email address will not be published. Required fields are marked *