ylliX - Online Advertising Network

အိန္ဒိယနိုင်ငံ၏အကူအညီဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် MoU ရေးထိုးနိုင်ရေး စီစဉ်


နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား ဒုတိယအကျော့အဖြစ် အိန္ဒိယသမ္မတနိုင်ငံ၏အကူအညီဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် MoU ရေးထိုးနိုင်ရေးကို စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများပြီးစီးမှု အထိမ်းအမှတ်အခမ်းအနားမှ သိရသည်။

အိန္ဒိယ – မြန်မာ နယ်စပ်တစ်လျှောက် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပြည်သူများအတွက် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ဆောင်ရွက်နိုင်ရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာကို ၂၀၁၂ ခုနှစ် မေ ၂၈ ရက်တွင် စတင်လက်မှတ်ရေးထိုးခဲ့သည်။

ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၌ စီမံကိန်းလုပ်ငန်းများဖြစ်သည့် လမ်း၊ တံတားများဆောက်လုပ်ခြင်း၊ လမ်းအဆင့်မြှင့်တင်ခြင်း၊ စွမ်းအင်၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများတစ်ကြိမ်လျှင် အမေရိကန် ဒေါ်လာငါးသန်းနှုန်းဖြင့် ငါးကြိမ်အတွက် စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၅ သန်းနှုန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါတွင် ပဉ္စမအကြိမ် စီမံကိန်းလုပ်ငန်း ၃၈ ခုကို ရာနှုန်းပြည့် အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဒုတိယအကျော့အဖြစ် အိန္ဒိယသမ္မတနိုင်ငံ၏ အကူအညီတစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ငါးသန်းဖြင့် ငါးနှစ်ကာလအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်းဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) အသစ်ကို လက်မှတ်ရေးထိုးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *