ylliX - Online Advertising Network

ဂျပန်နိုင်ငံရဲ့အချောဆုံး မင်းသမီးလို့သတ်မှတ်ခံရဖူးသူ မီဟိုနာကာရာမာ တိုကျိုနေအိမ်တွင် ကွယ်လွန်








ဂျပန်နိုင်ငံရဲ့အချောဆုံးမင်းသမီးလို့ တစ်ချိန်က သတ်မှတ်ခံရဖူးတဲ့ မင်းသမီးမီဟိုနာကာရာမာ(အသက် ၅၄ နှစ်)ကို တိုကျိုမြို့ရှိ သူမရဲ့အီဘီဆု နေအိမ်၊ ရေချိုးကန်ထဲမှာ သောကြာနေ့ (ဒီဇင်ဘာ ၆ ရက်) က သေဆုံးလျက် တွေ့ရှိခဲ့ရပါတယ်။
နာကာရာမာဟာ အလုပ်ကိုရောက်လာခြင်းမရှိတာကြောင့် သူမရဲ့အဖွဲ့ထဲက အဖွဲ့ဝင်တစ်ဦးက သူမရဲ့ နေအိမ်သို့ သွားရောက်ကြည့်ရှုခဲ့စဉ်မှာ ရေချိုးကန်ထဲ သေဆုံးလျက်ရှိနေတာတွေ့ခဲ့တာဖြစ်ပါတယ်။

ဆရာဝန်တွေကလည်း သူမဟာ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ နာကာရာမာဟာ ၁၉၉၅ ခုနှစ် ရုပ်ရှင် “Love Letter” မှာ “မီပိုရင်” ဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ လူသိများခဲ့ပြီး အကောင်းဆုံးမင်းသမီးဆုများစွာ ဆွတ်ခူး ရရှိခဲ့သူဖြစ်ပါတယ်။
ဂျပန်နိုင်ငံရဲ့အလှဆုံးအမျိုးသမီးအဖြစ်လည်း သတ်မှတ်ခံထားရဖူးတဲ့ နာကာရာမာဟာ A Sleeping Forest (1998) အပါအဝင် လူကြိုက်များတဲ့ ရုပ်မြင်သံကြားဇာတ်လမ်းတွဲများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သီချင်းတွေလည်း သီဆိုခဲ့ခြင်းကြောင့် J-pop အဆိုတော်တစ်ဦးအဖြစ်လည်း နာမည်ကြီးပါတယ်။

Crd//




Source link

Leave a Reply

Your email address will not be published. Required fields are marked *