ylliX - Online Advertising Network
Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် - Khit Thit Media

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် – Khit Thit Media


Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ရခိုင်ပြည်နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ပိတ်မိနေတဲ့ စစ်ကောင်စီ တပ်သားတွေတွေနဲ့ တပ်မိသားစုဝင် အများအပြားက လက်နက်ချအလင်းဝင်ပြီး အသက်ရှင် လျက် လိုရာသွားခွင့်ရဖို့ လိုလားနေကြပြီး ၊ တစ်ဖက်မှာတော့ စစ်တပ်အရာရှိ တပ်မှူးတွေက AA ဖမ်းမိ ရင် သတ်လိမ့်မယ်ဆိုပြီးတော့ကို ခြိမ်းခြောက်ပြောဆိုထားပြီး အသေခံတိုက်ခိုက်ပွဲဝင်ဖို့ အမိန့်ပေး ထားပြန်တယ်လို့ စစ်တပ်သတင်းရင်းမြစ်နဲ့ နပခမှာ ပိတ်မိနေတဲ့ စစ်သားတွေရဲ့ ရန်ကုန်မြို့က မိသားစုတွေက ရန်ကုန်ခေတ်သစ်ကို ပြောထားပါတယ်။

ပဲခူးတိုင်း ၊ ဒိုက်ဦးမြို့နယ်မြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ခလရ ၃၀ က ရှေ့တန်းထွက် စစ်သားတွေဟာ သေတဲ့သူတွေ တော်တော်ကို များပြားနေတဲ့အတွက် တပ်ရင်းမှူးက သင်္ချိုင်းကုန်းကို ခြံစည်းရိုးခတ်ပြီး ယတြာချေနေပြန်တယ်လို့ တပ်တွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

လားရှိုးမြို့ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီရဲ့ အမှတ် ၇ အဆင့်မြင့် ဆက်သွယ်ရေး တပ်ရင်းက တပ်သား နောင်နောင်ဖြိုး ဆိုသူကို စစ်ပြေးမှုနဲ့ တောင်ကြီးမြို့မှာရှိတဲ့ အဆရ ၁၀ တပ်က စစ်သားတွေ ဟာ ဝိုင်းဝန်းရိုက်နှက်သတ်ဖြတ်လိုက်ကြပြီး ကျန်ရစ်သူ မိသားစုကို အသိမပေးဘဲ အလောင်းကို ခိုးပြီး သဂြိုလ်လိုက်ကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *