ylliX - Online Advertising Network

ရှမ်းမြောက် သီပေါဘက် ငလျင်ငယ် တော်တော်များများလှုပ်ခတ်



ဒီကနေ့ မနက်အစောပိုင်း ရှမ်းမြောက်၊ သီပေါမြို့အရှေ့မြောက်ဘက် မှာရှိတဲ့သိန္နီမြို့အနီးကို ဗဟိုပြုပြီး ငလျင်ငယ် အကြိမ်ရေ တော်တော်အများများ လှုပ်ခတ်ခဲ့ပါတယ်။ ငလျင်လှုပ်ပြ ီးနောက်ပိုင်း ငလျင်တွေဆက်လှုပ်နိုင်သလို စစ်ကိုင်းပြတ်ရွှေ့ကြောမြေထုလှုပ်ရှားမှုတွေကြောင့် ပြတ်ရွှေ့ကြောအနီးတဝိုက်က ပြည်သူတွေအနေနဲ့သတိထားနေထိုင်ဖို့ မိုးဇလငလျင်ဌာနက သတိပေးထားပါတယ်။ ရန်ကုန်က စုစည်းတင်ပြထားပါတယ်။

ဒီကနေ့ မနက်အစောပိုင်း ရှမ်းမြောက်၊ သီပေါမြို့အရှေ့မြောက်ဘက် မှာရှိတဲ့သိန္နီမြို့အနီး နေရာတော်တော်များများမှာ ငလျင်ငယ်အကြိမ်ရေ တော်တော်အများများ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ သီပေါမြေငလျင်စခန်းကနေ တိုင်းတာချက်အရ အရှေ့မြောက်ဘက် (၆၉)မိုင်ခန့် ကွာဝေးတဲ့ သိန္ဒီမြို့ အနီး မြေပြင်အောက် အနက် (၁၀) ကီလိုမီတာကို ဗဟိုပြုပြီး ငလျင်ဟာ လှုပ်ခဲ့တာလို့ မိုးဇလငလျင်ဌာနက ဆိုပါတယ်။ စစ်ကိုင်းပြတ်ရွှေ့ကြောမြေထု လှုပ်ရှားမှုတွေကြောင့် ပြတ်ရွှေ့ကြော အနီးတဝိုက်က ပြည်သူတွေအနေနဲ့သတိထားနေထိုင်ဖို့ ဘယ်လိုနေထိုင်ရမလဲဆိုတာ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနငလျင်ဌာန ညွှန်ကြားရေးမှူး ဒေါက်တာမျိုးမင်းထွန်းက ခုလိုပြောပါတယ်။

“ငလျင်လှုပ်ပြီဆိုရင် အဓိကအားဖြင့် အထပ်အမြင့်အဆောက်အအုံတွေမှာဆိုရင် ရုတ်တရက်ပြေးဆင်းတာမျိုးတွေ မလုပ်သင့်ပါဘူး။ ငလျင်လှုပ်ရင်အပေါ်က အရာဝတ္တုတွေ ပြုတ်ကျနိုင်လို့ပါ။ ထိခိုက်နိုင်လို့ ရုတ်တရက်ပြေးထွက်တာ မလုပ်သင့်ပါဘူး။ တထပ်အဆောက်အအုံရှေ့မှာကွင်းပြင်ရှိရင်တော့ဒါမျိုးဆိုရင်ပြေး ထွက်လို့ရပါတယ်။ လမ်းမှာရောက်နေရင်လည်း ကိုယ့်အနားမှာ အဆောက်အဦးပြိုကျနိုင်တာတွေ လျှပ်စစ်ကြိုးတွေနဲ့ဝေးရာမှာနေဖို့သတိထားရှောင်သင့်တယ် ကားမောင်းနေတယ်ဆိုရင်လည်း ကားမောင်းတယ်ဆိုရင်လည်း ကားစက်ရပ်ပြီး တံတားတွေနဲ့ဝေးဝေးမှာနေသင့်ပါတယ်။ ပင်လယ်ကမ်းနားမှာဆိုရင်တော့ ငလျင်က ပင်လယ်ကြမ်းပြင်ကိုဗဟိုပြုနိုင်တာမို့ ဆူနာမီဖြစ်နိုင်ပါတယ်။ ဒါမို့ ကမ်းခြေနေသူတွေအနေနဲ့ ကမ်းခြေနဲ့ဝေးတဲ့ ကုန်းတွင်းအမြင့်ပိုင်း တွေကို‌ရှောင်ရှားနေထိုင်သင့်ပါတယ်။”

လက်ရှိ ဒီငလျင်ဖြစ်တဲ့ဒေသတွေဟာ စစ်ပွဲတွေကြောင့်ဖုန်းလိုင်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာမို့ ဒီကနေ့ငလျင်ကြောင့် ဘယ်လောက် ပျက်ဆီး သွားသလဲဆိုတာ ဗွီအိုအေအနေနဲ့ ဆက်လက်စုံစမ်းဆဲရှိပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ၂၀၂၄ ခုနှစ်အတွင်း မြေငလျင် ၃၁ ကြိမ်လှုပ်ခဲ့တယ်လို့မိုးဇလက ထုတ်ပြန်ထားပါတယ်။ အင်အားအသင့်အတင့် ငလျင် ၄ ကြိမ်လှုပ်ခဲ့ပြီး အင်အားနည်းတဲ့ ငလျင် ၂၇ ကြိမ်လှုပ် ခဲ့တယ်လို့လည်း မိုးဇလကဆိုပါတယ်။ အဲဒီငလျင်တွေဟာ မြန်မာနိုင်ငံအရှေ့ဘက်အခြမ်း၊ စစ်ကိုင်း၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်းတွေမှာ ငလျင်တွေ လှုပ်ခဲ့တာလို့လည်း ပြောပါတယ်။ မြေငလျင်ဟာ ကြိုတင်တိုင်းတာလို့မရတဲ့ သဘာ ဝဘေးဖြစ်တာမို့ ပြတ်ရွှေ့တွေ အနီးနား ဒေသတွေမှာ ငလျင်နဲ့ပတ်သတ်လို့ သတိထားနေဖို့ မိုးဇလကပြောပါတယ်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *