ကဘူးလ်၊ဒီဇင်ဘာ ၉
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး က လာမည့်သီတင်းပတ်များအတွင်း အာဖဂန်နိုင်ငံတစ်ဝန်းရှိ ပဋိပက္ခဒဏ်ခံခဲ့ရသော အာဖဂန်နိုင်ငံသား ၁၇၅,၀၀၀ ကျော်ကို တရုတ်နိုင်ငံက လှူဒါန်းသည့် ကယ်ဆယ်ရေးပစ္စည်းများကို ဖြန့်ဝေပေးသွားမည်ဟု တနင်္ဂနွေနေ့ကပြောကြားခဲ့သည်။
UNHCR ၏အဆိုအရ အဆိုပါပစ္စည်းများတွင်မီးဖိုချောင်သုံးပစ္စည်းများ၊စောင်များ၊လောင်စာဆီထည့် (ဂျယ်ရီ) ဗူးများနှင့် ပလပ်စတစ်တာပေါ်လင်များပါဝင်ပြီး နိုင်ငံတစ်ဝန်းရှိ အိမ်ထောင်စု ၂၇,၅၀၀ ကျော် သို့မဟုတ် အာဖဂန်နစ္စတန်နိုင်ငံတစ်ဝှမ်းရှိ စစ်ဘေးသင့်ပြည်သူ ၁၇၅,၀၀၀ ကျော်ထံ ပေးအပ်ဖြန့်ဝေသွားမည်ဖြစ်သည်ဟုလည်းသိရသည်။
တရုတ်နိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ကြိုဆိုသည့်အနေဖြင့် အာဖဂန်ရှိ UNHCR ကိုယ်စားလှယ်က “တရုတ်ရဲ့ အရေးကြီးတဲ့ပံ့ပိုးကူညီမှုကြောင့် ကျွန်တော်တို့ UNHCR အနေနဲ့ ခက်ခဲတဲ့အချိန်မှာ ရုန်းကန်နေရတဲ့ ရွှေ့ပြောင်းဒုက္ခသည်မိသားစုတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်” ဟုဆိုခဲ့သည်။
တရုတ်နိုင်ငံသည် ပြီးခဲ့သည့်နှစ်များကတည်းက အာဖဂန်နစ္စတန်ရှိ ဆင်းရဲနွမ်းပါးပြီး သဘာဝဘေးဒဏ်ခံခဲ့ရသော မိသားစုများထံ မရှိမဖြစ်လိုအပ်သည့် ကယ်ဆယ်ရေးပစ္စည်းများဖြင့် ထောက်ပံ့ပေးထားခဲ့ခြင်းလည်းဖြစ်သည်။
Source : ရှင်းဟွာ