ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ရေဖြူ ကျေးရွာအုပ်စု၊ ရေဖြူ(အလယ်စု)ကျေးရွာတွင် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းမှာ ရာနှုန်းပြည့် အကောင်အထည်ဖော်ပြီးစီးပြီဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ သိရသည်။
အဆိုပါလုပ်ငန်းကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ဒေသခံတောင်သူများအနေဖြင့် ရာသီမရွေး စိုက်ပျိုးရေ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခင်က မိုးရာသီ၌ စပါးနှင့်ပြောင်းတို့ကိုသာ စိုက်ပျိုးခဲ့ရာမှ ယခုအခါ ဆောင်းသီးနှံဖြစ်သည့် နေကြာ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်နှင့် ငရုတ်ပွတို့ကို သီးထပ်သီးညှပ်အနေဖြင့် တိုးတက်စိုက်ပျိုးလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဒေသခံတောင်သူများအတွက် ရာသီမရွေးစိုက်ပျိုးနိုင်အောင် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းသည် ဒေသလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုသည့် အတွက် ရှမ်းပြည်နယ်အတွင်း ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေးရရှိရေးလုပ်ငန်းများကို နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။