ylliX - Online Advertising Network

စစ်ကောင်စီရဲ့စစ်ရှုံးမှုတွေကိုကြည့်ပြီး တရုတ်က ပိုမိုစိုးရိမ်လာနေ – Voice of Revolution Live News


မနေ့က ဒီဇင်ဘာ ၁၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မော်နင်က “မြန်မာမှာရှိနေတဲ့ တရုတ်ရဲ့ စီမံကိန်းများ၊ စီးပွားရေးလုပ်ငန်းများကို မထိခိုက်အောင်ကာကွယ်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ‌ပြောထားတယ်လို့ ထုတ်ဖော်လိုက်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုတို့ကြားမှာတော့ ပြတ်သားတဲ့ ရည်မှန်းချက်ထားရှိပြီးသားဖြစ်ပါတယ်။ အလိုမကျတိုင်းအာဏာသိမ်းတဲ့စစ်တပ်ကို အပြီးသတ်ဖယ်ရှားဖို့ သို့မဟုတ် နိုင်ငံရေးမှထွက်ခွါဖို့ တော်လှန်ရေးအင်အားစုတွေဘက်က ရည်မှန်းချက်ထားရှိပါတယ်။ စစ်ကောင်စီကလည်း ဖိနှိပ်ခံတော်လှန်ရေးအင်အားစုတွေအပေါ် နေ့စဉ်ဗုံးကြဲ အကြမ်းဖက်နေဆဲဖြစ်ပါတယ်။ တရုတ်ဘက်ကတော့ အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံးသဘောပေါက်နားလည်ဖို့လိုပြီး တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ လည်း စစ်ကောင်စီကိုပြောထားတယ်လို့ မော်နင်ကဆိုပါတယ်။

တရုတ်နှင့် ဆက်စပ်တဲ့ KIA နှင့် အေအေ တပ်တော်ကတော့ စစ်ကိုသာ အာရုံစိုက်နေကြပြီး KIA ဥက္ကဌဗိုလ်ချုပ်ကြီး အင်ဘန်လကတော့ တရုတ်ရဲ့ဖိတ်ခေါ်မှုကြောင့် တရုတ်ကိုရောက်ရှိနေပါပြီ။ လက်ရှိမှာလည်း KIA ကတော့ ဗန်းမော်မြို့တဝိုက်က စစ်ကောင်စီတပ်တွေကို ဆက်လက်ပိတ်ဆို့ တိုက်ခိုက်နေချိန်ဖြစ်ပါတယ်။ ဒီချိန်မှာပဲ မြန်မာနိုင်ငံရဲ့ အရေးကိစ္စတွေမှာ တရုတ်ရဲ့ စွက်ဖက်မှုတွေက ယေဘုယျသဘောထက် ပိုလာတယ်လို့ The Strategist သတင်းမှာ ဖော်ပြထားတာတွေ့ရပါတယ်။ သတင်းရဲ့ဖော်ပြချက်တွေထဲမှာ စစ်ကောင်စီနှင့်တရုတ်ပူးပေါင်းဖွဲ့စည်းမယ့်လုံခြုံရေးကုမ္ပဏီမှာ ဘယ်လိုဖွဲ့စည်း ဘယ်သူပါဝင် မသိရသေးပေမယ့် မြန်မာပိုင်နက်အတွင်း တရုတ်လက်နက်ကိုင်အဖွဲ့တွေ ရှိနေခြင်းက မြန်မာအရေးကို တရုတ်ရဲ့ စွက်ဖက်မှုက အန္တရာယ်ကြီးမားစေမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။

တရုတ်အနေနဲ့ ခုလို သူတပါးနိုင်ငံရေးဝင်ရောက်စွက်ဖက်တာကို ပေါ့ပေါ့တန်တန်မတွေးသင့်ကြောင်းနဲ့ ခုလိုတရုတ်ရဲ့ ပါဝင်ပက်သက်မှုဟာလည်း နိုင်ငံတကာရဲ့ ဝေဖန်မှုတွေခံရနိုင်ဖွယ်ရှိကြောင်း ဖော်ပြထားကြပါတယ်။ အပစ်ရပ်ဖို့ ဆွေးနွေးဖို့ တရုတ်က ဖိအားပေးနေတဲ့ကြားမှာပဲ အောက်တိုဘာလဆန်းပိုင်းကစပြီး မြေရှားသတ္တုထွက်တဲ့ ချီဖွေ၊ ဆော့လော် ပန်ဝါနဲ့ ကန်ပိုက်တီ မြို့တွေကို KIA က ထိန်းချုပ်ခဲ့ပြီးနောက် လတ်တလောမှာတော့ ခရိုင်မြို့ဖြစ်တဲ့ ဗန်းမော်မြို့ကို ထိုးစစ်ဆင်နေကြပါတယ်။ ရခိုင့်တပ်တော်ကလည်း တရုတ်ရဲ့ အကြီးမားဆုံးစီမံကိန်းရှိတဲ့ ရခိုင်ပြည်ကို အလုံးစုံအောင်မြင်ဖို့ ကြိုးစားနေကြပါတယ်။ နခခ ၅ တခုလုံး လက်နက်ချလိုက်ရပြီး စစ်ကောင်စီရဲ့ အရည်အချင်းမဲ့မှုတွေဟာ ရခိုင့်တပ်တော်က ရိုက်ကူးထားတဲ့ ရုပ်သံများမှာ ပြန့်နှံခဲ့ပါတယ်။ ခုတော့ မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေသာမက ရခိုင်ပြည်နယ် အရေးမှာလည်း တရုတ်နိုင်ငံက ထပ်ပြီးစိုးရိမ်ထုတ်ပြောရတော့မယ့် အခြေအနေဖြစ်လာသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *