ylliX - Online Advertising Network

ဟားခါးမြို့နယ် ချွန်ကျုံးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကလေးများအပါအဝင် ပြည်သူ ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအမှားများ မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ


 

ဟားခါးမြို့နယ် ချွန်ကျုံးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကလေးများအပါအဝင် ပြည်သူ ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအမှားများ မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ၂၀၂၄ ဒီဇင်ဘာလ ၁၁ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ချွန်ကျုံးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကလေးများအပါအဝင် ပြည်သူ ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍  သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ ၎င်းဒေသများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်သမားများ ဝင်ရောက်ခိုအောင်းနေ ထိုင်ကြောင်း သတင်းပေးပို့မှုများ ရရှိလာပါက အကြမ်းဖက်သမားများ အမှန်တကယ်ဝင်ရောက် နေထိုင်မှု ရှိ/မရှိနှင့် ဒေသခံပြည်သူများနေထိုင်ခြင်း ရှိ/မရှိကို ဝေဟင်ကင်းထောက် ခြင်းများအပြင် နည်းလမ်းမျိုးစုံအသုံးပြု၍ စုံစမ်းစစ်ဆေးပြီးမှ တုံ့ပြန်ဆောင်ရွက်ခြင်းများ ပြုလုပ်ကြောင်း၊ အကြမ်းဖက်သမားများကသာ နယ်မြေတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်ရည်ရွယ်၍ ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drop Bomb များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်းနှင့် ထိုသို့ အကြမ်းဖက် သမားများ၏ လုပ်ရပ်များကို  ဖုံးကွယ်ရန်နှင့် တပ်မတော်အပေါ် ပြည်သူလူထုမှ အထင်အမြင် လွဲမှားစေရန် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်တွင် မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေ နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *