ylliX - Online Advertising Network


Specialized AI Tools 

1.Education Tools: Teachy 

Teachy သည် ကျောင်းသားများနှင့် ဆရာများအတွက် အကောင်းဆုံး ပညာရေး AI tool တစ်ခုဖြစ်ပြီး သင်ခန်းစာများကို စနစ်တကျပြုလုပ်ရန် ကူညီပေးပါတယ်။ သင်ကြားမှုများကို interactive ပြုလုပ်ပေးပြီး သင်ခန်းစာအကြောင်းအရာများကို ထိရောက်စွာ အထောက်အကူပြုနိုင်ပါတယ်။ Teachy အပြင် Khan Academy စတဲ့ Tools များလည်း ကျောင်းသားများအတွက် အခမဲ့ အသုံးပြုနိုင်ပါတယ်။ ပညာရေးဆိုင်ရာကို interactive ပုံစံဖြင့် သင်ကြားနိုင်စေသော ဒီ Tools တွေဟာ သင်ကြားမှုနှင့် သင်ယူမှုအဆင့်တွေကို တိုးတက်စေနိုင်ပါတယ်။

2. Writing Tools: Grammarly

Grammarly သည် စာလုံးပေါင်း၊ စာကြောင်းဖွဲ့စည်းမှု၊ နှင့် စာသားတိုးတက်မှုကို ပြင်ဆင်ပေးနိုင်သော writing AI Tool တစ်ခုဖြစ်ပါတယ်။မေးလ်များ၊ သုတေသနစာများ ရေးသားရာတွင် ထိရောက်စွာအသုံးချနိုင်ပါတယ်။

3.Video Editing Tool: Clipchamp

Clipchamp သည် video editing အတွက် AI Tool တစ်ခုဖြစ်ပြီး အသုံးပြုရလွယ်ကူပါတယ်။ Basic editing tasks များအတွက် အခမဲ့ အသုံးပြုနိုင်ပြီး အသုံးပြုရလွယ်ကူပါတယ်။ AI ကို အသုံးပြုပြီးဗီဒီယိုတွေကို ပိုမိုကောင်းမွန်အောင် ပြုလုပ်စေနိုင်ပါတယ်။ AI-powered effects, transitions, နှင့် templates များစွာပါရှိပြီး စိတ်ကြိုက်ပြုလုပ်နိုင်ပါတယ်။

4. Text to Image Tools: DeepAI
DeepAI သည် စာသား (Text) မှ ပုံရိပ်များ (Images) ဖန်တီးပေးနိုင်သော အဆင့်မြင့် AI Tool တစ်ခုဖြစ်ပါတယ်။ ရေးသားထားသော စကားလုံးများကို အခြေခံပြီး ပုံများကို တိုက်ရိုက်ဖန်တီးပေးနိုင်ပါတယ်။ အချိန်တိုအတွင်း အရည်အသွေးမြင့် ပုံများရရှိနိုင်ပါတယ်။ စိတ်ကြိုက်ပုံရိပ်များဖန်တီးလိုသူများအတွက် အဆင်ပြေသော Tool တစ်ခုဖြစ်ပြီး Graphic Design, Marketing Campaign များအတွက် အထူးသင့်လျော်ပါတယ်။ DeepAI သည် အသုံးပြုရလွယ်ကူပြီး အခြေခံစွမ်းရည်များအတွက် အခမဲ့အသုံးပြုနိုင်ပါတယ်။

5.Creativity  Tools:Canva

Canva သည် graphic design, presentations, social media posts တို့အတွက် အသုံးပြုနိုင်သော multi-functional AI Tool တစ်ခုဖြစ်ပါတယ်။ AI ပါဝင်မှုကြောင့် designs များကို အချိန်တိုအတွင်း ဖန်တီးနိုင်ပါတယ်။ ပုံများ၊ ရုပ်ပုံများ နှင့် စာသားများကို စိတ်ကြိုက်ပြုလုပ်၍ မည်သည့်အတွက်မဆို အသုံးချနိုင်ပါတယ်။

6. Presentations AI Tools:SlidesGo

SlidesGO သည် Professional Design အတိအကျရရှိရန် AI စွမ်းရည်ဖြင့် Slide Templates များကို ထောက်ပံ့ပေးသော Presentation Tool တစ်ခုဖြစ်ပါတယ်။ အသုံးပြုသူများအနေဖြင့် ထိရောက်သည့် ပုံစံနှင့် အရောင် Scheme များကို ရွေးချယ်နိုင်ပြီး တင်ပြမှုများကို ပိုမိုဆန်းသစ်စေနိုင်ပါတယ်။ မိမိလုပ်ငန်းခွင်ဆိုင်ရာ၊ ပညာရေး သို့မဟုတ် တင်ပြမှုအတွက် သင့်လျော်သည့် Template များစွာကို ရရှိနိုင်ပါတယ်။ SlidesGO သည် အသုံးပြုရလွယ်ကူပြီး အခြေခံပုံစံများအတွက် အခမဲ့အသုံးပြုနိုင်ပါတယ်။

Tools တွေ အများကြီးထဲကမှ အကုန်လုံးအတွက် အသုံးတင်နိုင်တဲ့ Education AI tool တစ်ခု ဖြစ်တဲ့ Teachy ဆိုတဲ့ toolလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Teachy AI ဆိုတာဘာလဲ?

Teachy AI သည် ပညာရေးဆိုင်ရာ လုပ်ငန်းများအတွက် အထူးသင့်လျော်သော AI Tool တစ်ခုဖြစ်ပြီး သင်ခန်းစာများကို interactive လုပ်ငန်းစဉ်များဖြင့် ပိုမိုစနစ်တကျ ဖန်တီးနိုင်စေပါတယ်။ ဆရာများအတွက် သင်ကြားမှုများကို ပိုမိုထိရောက်စွာ ပြုလုပ်နိုင်စေပြီး ကျောင်းသားများအတွက် သင်ယူမှုများကို အလွယ်တကူ နားလည်နိုင်ပါတယ်။ သင်ခန်းစာများ၊ မေးခွန်းများ နှင့် ပြင်ဆင်မှုများကို Teachy AI မှ အလိုအလျောက် ဖန်တီးပေးနိုင်သောကြောင့် ပညာရေးလုပ်ငန်းများတွင် အချိန်ကုန်သက်သာစေပါတယ်။  

Teachy AI ကို ဘယ်လိုသုံးရမလဲ?

Teachy AI ကို အသုံးပြုရန် အရင်ဆုံး Teachy ရဲ့ website သို့မဟုတ် application ကို ဝင်ရောက်ရပါမည်။  

အကောင့်ဖွင့်ခြင်း – gmail acc ရှိရုံဖြင့် အခမဲ့အကောင့်တစ်ခု ဖွင့်ပြီး login ဝင်၍သုံးလို့ ရပါတယ်။

Teachy ကို teacher, students နှင့် school administrators များပါအသုံးပြုနိုင်ပါတယ်။

Prepare Lesson – လိုချင်တဲ့ သင်ခန်းစာအကြောင်းအရာများကို input ထည့်ပြီး AI ကို သင်ကြားမှု content ဖန်တီးစေနိုင်ပါတယ်။  

  • ပြင်ဆင်လိုသော သင်ခန်းစာ၏ ခေါင်းစဉ် (topic) နှင့် အကြောင်းအရာများကို ထည့်သွင်းပါ။  
  • AI သည် သင်ခန်းစာအတွက် အချက်အလက်များကို စနစ်တကျ စီစဉ်ပြီး အဓိကအချက်များကို ပြင်ဆင်ပေးနိုင်ပါတယ်။  
  • Visual aids များ၊ သင်ကြားရန် သက်ဆိုင်သော ဓာတ်ပုံများနှင့် အကြောင်းအရာများကို Teachy မှလည်း ထည့်သွင်းပေးနိုင်ပါတယ်။  

Create anything with AI– အစမ်းမေးခွန်းများနှင့် ရလဒ်အကဲဖြတ်မှုများကို Teachy AI က အလိုအလျောက်ထည့်သွင်းပေးနိုင်ပါတယ်။

  • သုံးလိုသည့် အကြောင်းအရာများ (နောက်ခံသတင်းအချက်အလက်များ၊ စာသားများ) ကို ဖြည့်သွင်းပါ။  
  • AI သည် လိုအပ်ချက်များအတိုင်း သင်ကြားရေးအတွက် သက်ဆိုင်သော diagrams, flowcharts, slide presentations စသည်များကို ဖန်တီးပေးနိုင်ပါတယ်။  
  • သင်၏သင်ခန်းစာများအတွက် အထောက်အကူဖြစ်မည့် သရုပ်ဖော်မှုများကို ထည့်သွင်းပေးနိုင်ပါတယ်။  

Create Assignment-Teachy AI သည် ကျောင်းသားများအတွက် အစမ်းမေးခွန်းများ၊ အလေ့ကျင့်များကို အလိုအလျောက် ဖန်တီးပေးနိုင်ပါတယ်။  

  • လိုအပ်သော မေးခွန်းပုံစံ (MCQs, True/False, Short Answer) နှင့် ကျောင်းသားအဆင့်ကို သတ်မှတ်ပါ။  
  • သက်ဆိုင်သော သင်ခန်းစာအကြောင်းအရာကို ထည့်သွင်းပြီး AI ကို assignment ဖန်တီးရန် သုံးနိုင်ပါတယ်။  

Grade Assignment-Teachy AI သည် ကျောင်းသားများ၏ မေးခွန်းဖြေချက်များကို အလိုအလျောက် ဆန်းစစ်ပြီး အမှတ်ပေးနိုင်ပါတယ်။  

  • ကျောင်းသားများ၏ ဖြေဆိုထားသော အဖြေစာများကို upload လုပ်ပါ။  
  • AI သည် မေးခွန်းနှင့် အဖြေ များရဲ့ အမှတ်များကို အလိုအလျောက် တွက်ချက်ပေးနိုင်ပါတယ်။  
  • Grading criteria အား သင်ထည့်သွင်းလိုသောအတိုင်း ပြင်ဆင်နိုင်ပါတယ်။  

Teachy AI ကို အသုံးပြုခြင်းအားဖြင့် သင်ကြားမှုလုပ်ငန်းများကို စနစ်တကျ ပြုလုပ်နိုင်မည့်အပြင် ကျောင်းသားများအတွက် အလွယ်တကူ နားလည်နိုင်စေသော သင်ခန်းစာများ ဖန်တီးနိုင်ပါတယ်။ 

Teachy AI သည် AI-powered စွမ်းဆောင်ရည်များကို အသုံးပြု၍ မည်သည့်လူတစ်ဦးမဆို အသိပညာများကို စနစ်တကျ ဖန်တီးရန်ကူညီနိုင်သည့် Tool တစ်ခုဖြစ်ပါတယ်။  

Teachy AI ကို education ပိုင်းအပြင် အခြား သော fieldsများတွင်လည်း အသုံးပြုနိုင်ပါတယ်။

Teachy ကိုဘယ်လိုအသုံးပြုရသလဲဆိုတာကို ဒီ video လေးကိုကြည့်ပြီး လေ့လာကြရအောင်။

The post Teachy appeared first on MYEO, Myanmar Youth Empowerment Opportunities.



Source link

Leave a Reply

Your email address will not be published. Required fields are marked *