ylliX - Online Advertising Network
လေဒီ အဓိကနေရာ နှိုးဆွ

လေဒီ အဓိကနေရာ နှိုးဆွ


Clitoral Stimulation လို့ခေါ်တဲ့ မိန်းမကိုယ် အစေ့ ကို နှိုးဆွလှုံ့ဆော်ပေးတော့မယ်ဆိုရင် သိထားရမယ့် ဆောင်ရန်ရှောင်ရန်လေးတွေ ရှိပါတယ်။ သာယာကျေနပ်ဖွယ်ကောင်းတဲ့ လိင်မှုဆိုင်ရာ အထိအတွေ့ ခံစားမှုကို ပေးစွမ်းနိုင်ဖို့ အခုပြောမယ့် အချက်လေးတွေကို သေချာလိုက်နာရမှာ ဖြစ်ပါတယ်။ ဘေးကင်းပြီး ပျော်ရွှင်စရာကောင်းတဲ့ အတွေ့အကြုံကို ရရှိခံစားနိုင်ဖို့ လေဒီတို့ရဲ့ အဓိကနေရာ ကို နှိုးဆွတဲ့အခါ အောက်ပါ အချက်တွေကို ကွီးတို့ လိုက်နာဆောင်ရွက်သင့်ပါတယ်။

(၁) ညင်သာစွာ ကြင်နာပါ

Clitoral Stimulation
Photo : Healthline

အမျိုးသမီးတွေရဲ့ အဓိကနေရာ Clitoris ဟာ ထိရှလွယ်ပြီး ခံစားမှု အာရုံမြင့်ပါတယ်။ ဒါကြောင့် စစချင်းမှာတင် အရမ်းကြီး ကြမ်းကြမ်းတမ်းတမ်း ထိတွေ့ကိုင်တွယ်လို့ အဆင်မပြေပါဘူး။ ပြင်းပြင်းထန်ထန် ပွတ်သပ်နှိုးဆွတဲ့အခါ သာယာမှုထက် နာကျင်မှုကိုသာ ပိုခံစားရစေနိုင်တာပါ။ ဒါကြောင့် အစမှာတော့ ညင်သာယုယွစွာ စတင်သင့်ပြီး ပါတနာရဲ့ ခန္ဓာကိုယ်တုံ့ပြန်ပုံကို သေချာအာရုံစိုက်ကာ လိုအပ်ရင်လိုအပ်သလို ဖြည်းဖြည်းချင်း အရှိန်တိုးမြင့်လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။

(၂) စိုစွတ်မှု ရှိပါစေ

Clitoral Stimulation
Photo : VOI

လေဒီတို့ရဲ့ အဓိကနေရာ ကို Dry Stimulation လုံးဝ မလုပ်သင့်ပါဘူး။ မိန်းမကိုယ် ခြောက်သွေ့နေချိန် နှိုးဆွမယ်ဆိုရင် ပွတ်တိုက်မှုကြောင့် မသက်မသာ ခံစားရစေနိုင်သလို ယားယံခြင်း သို့မဟုတ် နာကျင်ခြင်း စတာတွေ ကြုံရနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ မိန်းမကိုယ်မှာ လုံလောက်တဲ့ စိုစွတ်မှု ရှိဖို့ အရေးကြီးပါတယ်။ မိန်းမကိုယ်ကနေ သဘာဝချောဆီ လုံလုံလောက်လောက် မထုတ်လုပ်နိုင်ဘူးဆိုရင် ချောဆီ အသုံးပြုပေးသင့်ပါတယ်။

(၃) သန့်ရှင်းမှုကို ဦးစားပေးပါ

Clitoral Stimulation

Photo : VOI

မသန့်ရှင်းတဲ့ လက် သို့မဟုတ် လူကြီးကစားစရာ အရုပ်တွေနဲ့ မိန်းမကိုယ်ကို ထိတွေ့ကိုင်တွယ်မယ်ဆိုရင် ဘက်တီးရီးယားတွေ ကူးစက်ပြီး ယားယံခြင်း သို့မဟုတ် ပိုးဝင်ခြင်းတွေ ဖြစ်ပေါ်ကြုံတွေ့ ရနိုင်ပါတယ်။ မလိုလားအပ်တဲ့ ရောဂါပိုးမွှားတွေ ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ဖို့ သန့်ရှင်းမှုကို အလေးပေးသင့်ပါတယ်။ မိန်းမကိုယ်ကို ထိတွေ့ကိုင်တွယ်ခြင်းမပြုမီမှာ လက် သို့မဟုတ် လူကြီးကစားစရာ အရုပ်တွေကို သန့်စင်အောင် ဆေးကြောသင့်ပါတယ်။

(၄) ပါတနာရဲ့အကြိုက်ကို လေ့လာပါ

Clitoral Stimulation
Photo : TvOneNews

လူတစ်ယောက်ချင်းစီတိုင်းမှာ မတူညီတဲ့ အကြိုက်နဲ့နှစ်သက်မှုတွေ ရှိပါတယ်။ သင့်ပါတနာရဲ့ အကြိုက်တွေ ၊ နှစ်သက်မှုတွေကို သေချာလေး လေ့လာပြီး နှိုးဆွမှု ကောင်းကောင်းပေးမယ်ဆိုရင် သာယာကြည်နူးဖွယ် ခံစားမှုကို ပိုမိုပေးစွမ်းနိုင်မှာပါ။ သင်နဲ့ သင့်ပါတနာကြားမှာ ပွင့်လင်းရင်းနှီးမှု ကောင်းကောင်းရှိဖို့ လိုသလို ခန္ဓာကိုယ်ရဲ့ တုန့်ပြန်မှု အရိပ်အမြွက်တွေကို သေချာလေ့လာပြီး သူမ နှစ်သက်တဲ့ ပုံစံအတိုင်း နှိုးဆွလှုံ့ဆော် ပေးသင့်ပါတယ်။

Source : My Fit Brain

Featured Photo : Tribun Pekanbaru – Tribunnews.com





Source link

Leave a Reply

Your email address will not be published. Required fields are marked *