ylliX - Online Advertising Network

ဒုတိယဝန်ကြီး ဦးအောင်မြိုင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သာစည် – ရွှေညောင် – တောင်ကြီး ရထားလမ်းပိုင်းရှိ ရေတိုက်စားပြီး ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် နေရာများအား ကြည့်ရှုစစ်ဆေး


နေပြည်တော် ၊ ဒီဇင်ဘာ ၁၃

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ (၁၀) ရက်နေ့မှ (၁၂) ရက်နေ့ထိ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ ၊ တိုင်းတာဝန်ခံ အရာရှိများနှင့်အတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သာစည် – ရွှေညောင် – တောင်ကြီး ရထားလမ်းပိုင်းတွင် ရေတိုက်စားပြီး မြေပြိုကျမှု ဖြစ်ပွားခဲ့သည့် ဆင်တောင် – မြင်းဒိုက် ဘူတာကြားရှိ ကမ်းပါးနီဥမင် အဝင်/ အထွက် နေရာများ၊ ဆင်တောင်ဘူတာ၊ မြင်းဒိုက်ဘူတာနှင့် ခွေးရုပ်ဘူတာတို့တွင် ရေတိုက်စားပြီး မြေပြိုကျမှုကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် အခြေအနေများ၊ ပေါမူ – ထီသိမ် – တောင်ကြီး ရထားလမ်းပိုင်းရှိ မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားခြင်းကြောင့် ပျက်စီး ချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့သည့် တာပေါင်နေရာများအား စစ်ဆေးသည်။

အဆိုပါ ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် သာစည် – ရွှေညောင် – တောင်ကြီး ရထားလမ်းပိုင်းတွင် ရေတိုက်စားပြီး မြေပြိုကျ၍ ပျက်စီးမှုဖြစ်ပွားခဲ့သည့် ဆင်တောင် – မြင်းဒိုက် ဘူတာကြားရှိ ရထားလမ်းတာပေါင်နေရာများ ကမ်းပါနီဥမင် အဝင်/ အထွက်နေရာများ၊  ဆင်တောင်ဘူတာ၊ မြင်းဒိုက်ဘူတာနှင့် ခွေးရုပ်ဘူတာတို့တွင် ရေတိုက်စားပြီး မြေပြိုကျမှုကြောင့် ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို သွားရောက်စစ်ဆေး၍ သာစည် – ရွှေညောင် ရထားလမ်းပိုင်းတွင် ရထားခရီးစဉ်များ အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေး ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရန်၊ ပြုပြင်ခြင်းလုပ်ငန်းများ ဆောလျင်စွာ ပြီးစီးရေးအတွက် လူအင်အား၊ ပစ္စည်းအင်အား၊ စက်ယန္တရားအင်အားများကို စနစ်တကျ စုဖွဲ့အသုံးပြု၍ သတ်မှတ်စံနှုန်းအတိုင်း စနစ်တကျ ပြန်လည် ပြုပြင်သွားရန်၊ မြေထိန်းနံရံများ စနစ်တကျဆောင်ရွက်ရန်၊ ရေစီးဆင်းမှု ကောင်မွန်စေရန်အတွက် ရေပြွန်များထည့်သွင်း တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်သွားရန်နှင့် ရေမြောင်းများပိတ်ဆို့မှု မရှိစေရေး ၊ ရေစီးရေလာကောင်းမွန်စေရေး စသည့်လုပ်ငန်းများကို အလေးထား ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပေါမူ – ထီသိမ် – တောင်ကြီး ရထားလမ်းပိုင်းရှိ မိုးသည်း ထန်စွာရွာသွန်းပြီး ရေတိုက်စားကြောင့် ပျက်စီးချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့သည့် ရထားလမ်းအူကြောင်း တာပေါင်မြေကြီးလုပ်ငန်း ၊ တံတားပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း ၊ Gabion Basket ကျောက်စီ မြေထိန်းနံရံနှင့် ရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မည့် အခြေအနေများအား စစ်ဆေးခဲ့ပြီး တာဘောင်နေရာများအား သတ်မှတ်အကျယ်ရရှိရေး မြေဖို့ဖိကြိတ်ခြင်းများ စနစ်တကျ ဆောင်ရွက်ရန်နှင့်  ရထားလမ်းပိုင်းအတွင်း သတ်မှတ်စံချိန်စံနှုန်းအတိုင်း လမ်းခင်းကျောက်များ စနစ်တကျ ပြန်လည်ဖြည့်သွင်းပြီး Hand Tamping Machine ဖြင့် ပတ်ကင်ရိုက်ခြင်း၊ ကွေ့ဒီဂရီ ၊ Alignment နှင့် Super Elevations များ မှန်ကန်မှုရှိစေရေး စနစ်တကျ ပြန်လည်စစ်ဆေး၍ ပြုပြင် ဆောင်ရွက်သွားရန်နှင့် လိုအပ်သည့်ပစ္စည်းများ ထောက်ပံ့ပေးသွားရန်တို့ကို ဆွေးနွေးမှာကြားခဲ့သည်။

ထို့အပြင် ဒုတိယဝန်ကြီးသည် ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် Schedule အတိုင်း စနစ်တကျကောင်းမွန်ရေး ပြုပြင်ရန်လိုအပ်သည့် ပစ္စည်းများ လုံလောက်မှုရှိရေး စီစဉ်ထောက်ပံ့ပေးသွားရန် ၊ ပြန်လည်အသုံးပြုနိုင်သည့် ဆယ်တင်ပစ္စည်းများကို အလေအလွင့်မဖြစ်ရေး စနစ်တကျပြန်လည်အသုံးပြုသွားရန်နှင့် ရထားများအမြန် ပြန်လည်ပြေးဆွဲနိုင်ရေး အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန



Source link

Leave a Reply

Your email address will not be published. Required fields are marked *