ylliX - Online Advertising Network
အမြန်လမ်း မိုင်တိုင် ၃၁၉ ရှိ ရဲကင်း တိုက်ခိုက်ခံရ - Myanmar Now

အမြန်လမ်း မိုင်တိုင် ၃၁၉ ရှိ ရဲကင်း တိုက်ခိုက်ခံရ – Myanmar Now


မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နှင့် မိတ္ထီလာမြို့နယ်ကြား  ရဲကင်းစခန်းတစ်ခုကို  ယမန်နေ့ (ဒီဇင်ဘာ ၁၂) က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရသည်ဟု  နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)  တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်-မန္တလေး အမြန်လမ်း  မိုင်တိုင် ၃၁၉ အနီးရှိ စခန်းဖြစ်သည်ဟု ဆိုသည်။ 

“ခုက လမ်းမပေါ်တက်ပြီး တိုက်ပွဲဖြစ်တာပါ။ မိုင်တိုင် ၃၁၈ နဲ့ ၃၁၉ ကြားမှာရှိတဲ့ ရဲကင်းစခန်းကို တိုက်ခိုက် တာ။ ဝင်ပြီး လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ဝင်ရောက်ပစ်ခတ်တာပါ” ဟု နွားထိုးကြီး PDF မှ တာဝန်ရှိသူ က ပြောသည်။ 

တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အရေးသာနေသော်လည်း တပ်မြို့ဖြစ်သော မိတ္တီလာဘက် မှ စစ်ကူများ လျင်လျင်မြန်မြန် ရောက်လာသဖြင့် လက်နက်များ မသိမ်းနိုင်တော့ဘဲ ပြန်ဆုတ်ခွာသွားရ ကြောင်း ၎င်းက ဆက်ပြောသည်။ 

နွားထိုးကြီး PDF သည် NUG ၏ အမှတ် (၁) စစ်ဒေသအောက်ရှိ မြင်းခြံခရိုင် အမှတ် (၄) ၊ (၁၀) တပ်ရင်း ဖြစ်ပြီး နွားထိုးကြီးမြို့နယ်နှင့် ထိစပ်နေသော အမြန်လမ်းတစ်ဝိုက် စစ်ရေးလှုပ်ရှားသည်။

ဒီဇင်ဘာ ၁၂ရက် ညနေတွင် အမြန်လမ်းမှ ထိခိုက်ဒဏ်ရာရရှိခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ မိတ္တီလာ စစ်ဆေးရုံသို့ ရောက်ရှိလာကြောင်း ဆေးရုံနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။ ဒဏ်ရာအခြေအနေကိုမူ မသိရှိ ရပေ။

နိုဝင်ဘာလဆန်းက တွေ့ရသည့် နွားထိုးကြီးအခြေစိုက် PDF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- Soe Aung Facebook)

စစ်တပ်ဝါဒဖြန့် အွန်လိုင်းစာမျက်နှာများတွင် မိုင်တိုင် ၃၁၉ ရဲကင်းစခန်းကို PDF များက လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများဖြင့် တိုက်ခိုက်သည်၊ လူသေဆုံးမှုမရှိသလို လက်နက်အဆောက်အဦ ထိခိုက် ဆုံးရှုံးမှုမရှိဟု ရေးသားဖော်ပြထားသည်။

အပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှုများကြောင့် အမြန်လမ်းပေါ် ခရီးသွားနေကြသည့် အရပ်သားများ ကား ပေါ်မှဆင်းကာ ပုန်းခိုခဲ့ရသည်ဟု ပါရှိသည်။ 

ယခင်ကလည်း မိုင်တိုင် ၃၁၉ အနီး ဖြတ်သန်းသွားသည့် စစ်ကားများကို ၅ ကြိမ်ထက်မနည်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ဖူးသည်ဟု သိရသည်။ 

စစ်ကောင်စီသည် ရိက္ခာနှင့် စစ်သားများကို ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် အမျိုးသားညီညွတ် ရေးအစိုးရ (NUG) လက်အောက်ခံတပ်များ စစ်ရေးလှုပ်ရှားသည့် ပဲခူးတိုင်းအရှေ့ခြမ်းသို့ ပို့ဆောင်ရာတွင် အမြန်လမ်းကို အသုံးပြုလေ့ရှိသည်။

ထို့ကြောင့် အမြန်လမ်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းများ၊ စခန်းများကို ကာကွယ်ရေးအဖွဲ့များက မကြာခဏတိုက်ခိုက်လေ့ရှိကြသည်။ 

အမြန်လမ်းတိုက်ခိုက်မှုများ

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် တည်ရှိသည့် ရဲကင်းစခန်းများသည် အခိုင်အမာတည်ဆောက်ထားခြင်း မဟုတ်ပေ၊ ယာယီတဲများကို ဝါးလုံးရှည်များဖြင့် ခြံစည်းရိုးခတ်ပြီး ခရီးသွားပြည်သူများကို မှတ်ပုံတင် စစ် ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားမှုမရှိစေရေး တင်းကြပ်စစ်ဆေးရန် တည်ဆောက်ထားခြင်း ဖြစ် သည်။



၂၀၂၁ ခုနှစ် နိုဝင်ဘာ ၉ ရက်ကလည်း ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၁၀ အနီး ရှိ ဇဟား (ခ) စေတီတစ်ထောင်ရဲကင်းကို ဖြူး PDF က တိုက်ခိုက်ခဲ့ရာ ရဲ ၅ ဦး သေဆုံး ခဲ့သည်။ 

၂၀၂၂ ခုနှစ် ဇွန်လ နောက်ဆုံးပတ်ကလည်း မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ဦးတည်မောင်းနှင်လာသော စစ်ကား ၆ စီးပါ စစ်ယာဉ်တန်းကို အမြန်လမ်း မိုင်တိုင် ၃၂၀အနီးတွင် နွားထိုးကြီး PDF က မိုင်းဆွဲတိုက် ခိုက်ခဲ့သေးသည်။
လုံခြုံရေးအပြည့်ဖြင့် နေပြည်တော်မှ  ထွက်ခွာလာသည့် စစ်ယာဉ်တန်းကို ရန်ကုန်-မန္တလေး အမြန်လမ်း ၁၆၉ မိုင်၊ ၄ ဖာလုံမှာ NUG တောင်ပိုင်းစစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယမန်နှစ် ဇူလိုင်လ ၇ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *