ylliX - Online Advertising Network

အာဆီယံကော်မတီအစည်းအဝေးနှင့် အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းသည့်အခမ်းအနားသို့ ကနေဒါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး တက်ရောက် (၁၂-၁၂-၂၀၂၄ ရက်)


(၁၂-၁၂-၂၀၂၄ ရက်၊ အော်တာဝါ)

ကနေဒါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းသည် အာဆီယံကော်မတီ (အော်တာဝါ) (ASEAN Committee in Ottawa-ACO) ၏ အလှည့်ကျဥက္ကဌဖြစ်သူ ဖိလစ်ပိုင်သံအမတ်ကြီး Maria Andrelita S. Austria ဉီးဆောင်၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်တွင် အော်တာဝါမြို့ရှိ Fairmont Chateau Laurier Hotel ၌ ကျင်းပသည့် အာဆီယံကော်မတီ (အော်တာဝါ) သံရုံးအကြီးအကဲများ၏ (၂၈၈) ကြိမ်မြောက် အစည်းအဝေး နှင့် ကော်မတီ၏အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းသည့်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ဉီးစွာ အာဆီယံသံရုံးအကြီးအကဲများက အော်တာဝါမြို့သို့ ပြောင်းရွှေ့ ရောက်ရှိလာသည့် မလေးရှားသံအမတ်ကြီးအသစ်ဖြစ်သူ Dr. Shazelina Zainul Abidin အား ကြိုဆိုခဲ့ကြပြီးနောက် ကနေဒါကုန်သွယ်ရေးအဖွဲ့၏ အင်ဒိုနီးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံခရီးစဉ် အပါအဝင် အာဆီယံ-ကနေဒါမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ဖိလစ်ပိုင်သံအမတ် ကြီးက အာဆီယံကော်မတီ (အော်တာဝါ) ၏ အလှည့်ကျဥက္ကဌ တာဝန်ကို ထိုင်းသံအမတ်ကြီး Kallayana Vipattipumiprates ထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ အစည်းအဝေးအပြီးတွင် အာဆီယံသံရုံးအကြီးအကဲများနှင့် အာရှ-ပစိဖိတ် ဖောင်ဒေးရှင်း(ကနေဒါ) ဒုတိယဥက္ကဋ္ဌ Ms. Vina Nadjibulla တို့၏ အလုပ်သဘော နေ့လယ်စာစားပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *