ylliX - Online Advertising Network
ဟင်္သာတ အကျဉ်းထောင်တွင် ထောင်ဝန်ထမ်းများက မူးယစ်ဆေးပါသည့် ကွမ်းယာများ ရောင်းချနေပြီး နည်းမျိုးစုံဖြင့် ငွေတောင်းကာ မပေးသူများကို ရိုက်နှက် - Khit Thit Media

ဟင်္သာတ အကျဉ်းထောင်တွင် ထောင်ဝန်ထမ်းများက မူးယစ်ဆေးပါသည့် ကွမ်းယာများ ရောင်းချနေပြီး နည်းမျိုးစုံဖြင့် ငွေတောင်းကာ မပေးသူများကို ရိုက်နှက် – Khit Thit Media


ဟင်္သာတ အကျဉ်းထောင်တွင် ထောင်ဝန်ထမ်းများက မူးယစ်ဆေးပါသည့် ကွမ်းယာများ ရောင်းချနေပြီး နည်းမျိုးစုံဖြင့် ငွေတောင်းကာ မပေးသူများကို ရိုက်နှက်

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ဟင်္သာတ အကျဉ်းထောင်တွင် ထောင်ဝန်ထမ်းများက မူးယစ်ဆေးပါသည့် ကွမ်းယာများ ရောင်းချနေပြီး နည်းမျိုးစုံဖြင့် ငွေတောင်းကာ မပေးသူများကို ရိုက်နှက်ခြင်းများ လုပ်ဆောင်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ထောင်တွင်း အကျဉ်းကျခံနေရသူများ၏ မိသားစုဝင်ထံ ပိုက်ဆံတောင်းရာတွင်လည်း ငွေကြေးသာမက လိင်ပိုင်းဆိုင်ရာ စော်ကားမှုများပါ လုပ်ဆောင်နေကြောင်း ၊ တစ်ပွင့်အဆင့်ရှိ အမျိုးသမီးဝန်ထမ်းဖြစ်သူ ခင်အိတုံသည် ဟင်္သာတအကျဉ်းထောင်၏ ထောင်ပိုင် သန့်ဇော်ဝင်းနှင့် လူမှုရေးဖောက်ပြန်နေကြောင်း ၊ ခင်အိတုံသည် ထောင်ပိုင် သန့်ဇော်ဝင်းအတွက် အကျဉ်းသားများထံမှ ငွေကြေးတောင်းခံသည်ကို သီးသန့်လုပ်ဆောင်ကြောင်း သိရှိရသည်။

“ဟင်္သာတထောင်မှာ စပြီးဝင်တာနဲ့ တစ်ပွင့် အောင်ကျော်မင်းကို ပိုက်ဆံပေးရတယ်။ သူတောင်းသလို မပေးနိုင်ရင် ပါးရိုက်ခြေထောက်နဲ့ ကန်တာတွေလုပ်တယ်။ ပြီးရင် ထောင်ကျနေတဲ့သူတွေရဲ့ မိန်းမတွေဆီ ပိုက်ဆံသွားတောင်းရင်း လူကို ပါထိကပါးရိကပါးလုပ်တယ် ရရင်ငွေရောလူရောယူတယ်။ ပြီးတော့ ထောင်ပိုင်သန့်ဇော်ဝင်းအတွက် သူ့ရဲ့ မယားငယ်တစ်ပွင့် ခင်အိတုံဆိုတဲ့ ဝန်ထမ်းမက ပိုက်ဆံထပ်တောင်းတယ်။ ထောင်မှာက ထောင်ပိုင်ရဲ့ မယားငယ်ခင်အိတုံ ပြီးရင်အကုန်ပြီးတယ်။ သူတို့ လူမှုရေးဖောက်ပြန်နေတာကို ဝန်ထမ်းတွေဆီက သိရတာ ။ ဝန်ထမ်းတွေ အကုန်သိတယ်။ ခင်အိတုံကလည်း ယောက်ျားရှိတယ်” ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ထို့ပြင် ထောင်ပိုင် သန့်ဇော်ဝင်းနှင့် ခင်အိတုံတို့သည် ထောင်ထဲတွင် ကွမ်းယာထဲသို့ မူးယစ်ဆေးထည့်ရောင်းကာ ထောင်သားများကို ထိန်းချုပ်ခြင်းလုပ်ဆောင်နေပြီး ၎င်းတို့ ရောင်းချသည့် ကွမ်းယာကို ဝယ်မစားလျှင်လည်း ပြဿနာရှာခြင်းများ လုပ်ဆောင်ကြောင်း၊ ထောင်ကျသူများ၏ အပ်ငွေသည် မူးယစ်ဆေးပါသည့် ကွမ်းယာသာ ဝယ်၍ ရပြီး အခြားပစ္စည်းများ မှာ၍ မရကြောင်း၊ အဆိုပါ မူးယစ်ဆေးပါသည့် ကွမ်းယာကို ၎င်းတို့၏ လက်ပါးစေ မှုံကြီးဆိုသူက အကျဉ်းသားများကို ရောင်းပေးကာ ပိုက်ဆံပြန်အပ်ရကြောင်း သိရသည်။

“တစ်လကို သိန်း ၁၀၀ ကျော်ဖိုးရောင်းရတယ်။ အဲဒီ ထောင်သားကလည်း ထောင်ထဲမှာအာဏာရှိတယ်။ သူတို့တွေက နိုင်ငံရေးအကျဥ်းသားတွေကို ခွဲခြားဆက်ဆံတယ်။ ပိုဖိနှိပ်တယ်။ ပိုက်ဆံပိုတောင်းတယ်။ မရရင်ပြသနာရှာတယ်။ အရင်ကဖြစ်တဲ့ နိုင်ငံရေးအကျဥ်းသားကို ရိုက်တဲ့အမှုကိုလည်း မှန်နေတာကို ထောင်ပိုင်သန့်ဇော်ဝင်းက အထက်ကို ငွေပေးပြီး ပိတ်လိုက်တယ်။ ပိုက်ဆံက တစ် ယောက်ပြီး တစ်ယောက် တောင်းနေကြတာ။ ထောင်ပိုင် သန့်ဇော်ဝင်းနဲ့ သူ့ မယားငယ်ခင်အိတုံက တစ်ခါ၊ တစ်ပွင့် အောင်ကျော်မင်းက တစ်ခါ၊ အဆောင်မှူးဆိုတဲ့ တစ်ပွင့်က တစ်ခါ၊ ကျန်တဲ့ဝန်ထမ်းငယ်တွေကပါ တောင်းနေကြတာ။ မပေးနိုင်ရင် မျိုးစုံအနိုင်ကျင့်နှိပ်စက်ကြတယ် ထောင်ပိုင်သန့်ဇော်ဝင်းက ညတိုင်းမူးနေတာ မထင်ရင်မထင်သလို နိုင်ငံရေးအကျဥ်းသားတွေကို ရိုက်တယ်” ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

ထောင်ဝင်စာ တွေ့ရာတွင်လည်း ပိုက်ဆံပေးနိုင်လျှင် ပေးနိုင်သလောက် တွေ့ခွင့်ရပြီး ပိုက်ဆံ မပေးနိုင်ပါက စကား ၃ ၊ ၄ ခွန်းထက် ပိုမပြောရဘဲ အချိန်စေ့ပြီဟုဆိုကာ နှင်ထုတ်ကြောင်း၊ အကျဉ်းသားများ အနေနှင့် ထောင်ပြင်သို့ ထွက်ချင်ပါက ပိုက်ဆံပေးပါက ထောင်ဝန်ထမ်းကိုယ်တိုင် အိမ်ပြန်လိုက်ပို့ကြောင်း၊ ငွေကြေးတောင်းခံရာတွင်လည်း အနည်းဆုံး ကျပ် ၃ သိန်းမှစ၍ တောင်းခံနေကြောင်း သိရှိရသည်။

ထောင်တွင်း အစားအသောက်များ ကျွေးမွေးရာတွင်လည်း လူကြီးလာသည့် ရက်များသာ ကောင်းမွန်ကာ ရေမသန့်ရှင်းမှုကြောင့် အကျဉ်းသားများတွင် ယားနာကဲ့သို့ အရေပြား ရောဂါများ ခံစားနေရကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ဆက်လက် ပြောဆိုသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *