Image: NVIDIA |
Nvidia Control Panel နဲ့ GeForce Experience ကို အစားထိုးဖို့ ရည်ရွယ်ထားတဲ့ Nvidia App ဟာ ပြီးခဲ့တဲ့လက full version အနေနဲ့ထွက်ရှိလာခဲ့ပြီး ခေတ်ပေါ် feature တွေကြောင့် ချီးမွမ်းမှုခံခဲ့ရပါတယ်။ ဒါပေမယ့် Nvidia App က PC ရဲ့ gaming စွမ်းဆောင်ရည်ကျဆင်းစေတယ်ဆိုပြီး အခုရက်ပိုင်းအတွင်း PC gamer ရဲ့ဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။ Nvidia အနေနဲ့လည်း ဒီပြဿနာကို သတိပြုမိကြောင်းဆိုခဲ့ပြီး Nvidia App မှာပါဝင်တဲ့ “Game Filters and Photo Mode” ဆိုတဲ့ feature ကြောင့်လို့ဆိုပါတယ်။
နည်းပညာဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ TechSpot က စွမ်းဆောင်ရည်ကျဆင်းမှုကိုတိုင်းတာဖို့အတွက် နောက်ဆုံးထွက်ရှိထားတဲ့ Nvidia App (11.0.1.184) နဲ့ GeForce drivers (566.36) ကို အသုံးပြုပြီး GeForce RTX 4070 Super GPU ကို Ryzen 7 7800X3D CPU၊ 32 GB DDR5-6000 memory တို့နဲ့ တွဲဖက်ထားတဲ့ PC မှာ စမ်းသပ်ခဲ့ရာမှာ ဂိမ်းတစ်ခုခြင်းအပေါ်မူတည်ပြီး ၃% ကနေ ၁၆% အထိ စွမ်းဆောင်ရည်ကျဆင်းစေကြောင်းတွေ့ရှိရတယ်လို့ဆိုပါတယ်။ စမ်းသပ်ချက်တွေအရ Game Filters and Photo Mode ပါဝင်တဲ့ GeForce Experience မှာတော့ အခုလိုစွမ်းဆောင်ရည်ကျဆင်းစေတာမျိုးတွေမရှိဘူးလို့ဆိုပါတယ်။
Image via TechSpot |
အကယ်၍ သင်ဟာ Nvidia Graphics ကို အသုံးပြုပြီး ယခင်ထက် ဂိမ်းကစားရာမှာ စွမ်းဆောင်ရည်ကျဆင်းနေတယ်လို့ယူဆရင် Nvidia App ကို uninstall လုပ်စရာမလိုအပ်ပဲ သူ့ရဲ့ Settings ထဲက Game Filters and Photo Mode ကို disable လုပ်ကာ မူလစွမ်းဆောင်စွမ်းဆောင်ရည်ကို ပြန်ရအောင်ပြုလုပ်နိုင်တယ်လို့ဆိုပါတယ်။
Source: TechSpot