ဒီဇင်ဘာလ (၁၇) ရက်နေ့ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရဲ့ ပကတိ မြေပြင်အခြေအနေများကို အာရက္ခတပ်တော် AA က ထုတ်ပြန်လာပါတယ်။တိုင်းစစ်ဌာနချုပ်အတွင်းမှ ရာနဲ့ချီသော တပ်အင်အားတွေဟာ အလံဖြူထောင်လာကြတဲ့မြင်ကွင်းတွေနဲ့ မီးလောင်ပျက်စီးသွားတဲ့ နပခဝန်းကြီးရဲ့ မြင်ကွင်းတွေကို ရုပ်သံဖိုင်မှာ တွေ့မြင်ရပါတယ်။အာရက္ခတပ်တော် AA ဟာ စောစောအလံဖြူထောင်ရင် စောစောအသံရှင်ခွင့်ရမှာဖြစ်ကြောင်းလဲ စစ်ကောင်စီတပ်သားတွေကို သတိပေးပြောဆိုထားပါတယ်။အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့တစ်ခုလုံးကို AA ထိန်းချုပ်ထားပြီးဖြစ်သလို ၁၇မြို့နယ်ရှိတဲ့ ရခိုင်ပြည်နယ်အတွင်း မြို့ပေါင်း ၁၄မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။
The post စစ်ကောင်စီရဲ့ နပခကြီးနောက်ဆုံးအခြေအနေ AA ထုတ်ပြန်၊ အလံဖြူထောင်လာသူတွေနဲ့ ပျက်စီးသွားတဲ့ နပခဝန်းမြင်ကွင်းများ first appeared on Voice of Revolution Live News.