ylliX - Online Advertising Network
ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားကျင်းပရန် အဆိုပြုလွှာများ ခေါ်ယူ

ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားကျင်းပရန် အဆိုပြုလွှာများ ခေါ်ယူ


#Local_News
Published 20 December 2024

▪️ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ၂၀၂၅-ခုနှစ် World Red Cross Day နေ့တွင် Interactive Menu, Photo Exhibition and Video Production အတွက် “စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ” တင်သွင်းနိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

▪️ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ၂၀၂၅-ခုနှစ်၊ မေလ(၈)ရက်နေ့ ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားကို ခမ်းနား ထည်ဝါစွာ ကျင်းပပြုလုပ်ရာတွင် အသင်းမှ ဆောင်ရွက်နေသည့် လူမှုကရုဏာလုပ်ငန်းများ၊ ကြက်ခြေနီစေတနာ လုပ်အားရှင်များ၏ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့သည့် လှုပ်ရှားမှုများအကြောင်းကို Interactive Menu ပုံစံ၊ Touch Screen Display ပုံစံဖြင့်လည်းကောင်း Photo Exhibition Booth များဖြင့်လည်းကောင်း၊ Video များဖြင့် လည်းကောင်း ပြသနိုင်ရန် “စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ” နှင့် “နည်းပညာဆိုင်ရာကုန်သည် ဆန်းစစ်လွှာ” ရယူရန် ဆက်သွယ်နိုင်ကြောင်း သိရသည်။

▪️ နည်းပညာဆိုင်ရာကုန်သည် ဆန်းစစ်လွှာဆိုင်ရာ ကြိုတင်တောင်းခံ ခြင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ၀ယ်ယူ ဖြည့်တင်းရေးဆိုင်ရာစီမံခန့်ခွဲမှုဌာန၊ အမှတ်-၄၂၊ ကမ်းနားလမ်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်းနံပါတ်-၀၉ ၄၂၀၀၉၇၄၀၉ နှင့် အီးမေးလ်-mrcsprocurement@redcross.org.mm သို့ ဆက်သွယ်ကာ ဒီဇင်ဘာလ (၁၇) ရက်မြန်မာစံတော်ချိန် နံနက်(၁၀:၀၀)နာရီမှ စတင်ထုတ်ယူနိုင်ပြီး နည်းပညာဆိုင်ရာ ကုန်သည်ဆန်းစစ်လွှာဆိုင်ရာ ကြိုတင်မေးခွန်းလွှာဖြေဆိုမှု များနှင့် အထောက်အထားစာရွက်စာတမ်းများကို ဒီဇင်ဘာလ (၃၁)ရက်၊ မြန်မာစံတော်ချိန် ညနေ(၄:၀၀)နာရီ နောက်ဆုံးထား၍ မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ တံဆိပ်ခတ်ထားသည့်စာအိတ်ဖြင့် ပေးပို့ရမည်ဖြစ်‌ကြောင်း သိရသည်။

#YMG/SW #Yangon_Times



Source link

Leave a Reply

Your email address will not be published. Required fields are marked *