ylliX - Online Advertising Network

အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ


၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-

 “ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ပိုမိုအားကောင်းလာပြီး၊ အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် (၂၄) နာရီအတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်းနှင့် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့သို့ ရောက်ရှိနိုင်ကာ၊ ထိုမှတစ်ဆင့် မြောက်ယွန်းယွန်းသို့ ဦးတည်ပြီး (၄၈) နာရီအတွင်း အင်ဒရာပရာဒေ့ရှ်ကမ်းရိုးတန်းတစ်လျှောက်ရွေ့လျားနိုင်သည်ဟု  ခန့်မှန်းရပါသည်၊၊



Source link

Leave a Reply

Your email address will not be published. Required fields are marked *