ဒီဇင်ဘာလ ၁၅ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ရခိုင် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိရာ ရခိုင်ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်းကောင်း လူငယ်သင်တန်းကျောင်း သင်တန်းကျောင်းအုပ်က သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များကို လည်းကောင်း ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် နိုင်ငံတော်မှ အခမဲ့ပညာသင်ကြားရေးနှင့် နေထိုင် စားသောက်ရေးတို့ကို အလေးထားဆောင်ရွက်ပေးထားသည့်အပေါ် ကျေးဇူးသစ္စာစောင့်သိရိုသေကြရန်၊ ဆရာ ဆရာမများနှင့် နည်းပြများအနေဖြင့် ကျောင်းသား ကျောင်းသူများအား အတွေးအခေါ်၊ အသိအမြင် နှင့် ဆင်ခြင်တုံတရားပြည့်ဝ၍ ဗလငါးတန်နှင့် ပြည်စုံပြီး နောင်တစ်ချိန်တွင် မိမိနိုင်ငံ၊ မိမိဒေသ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးတိုးတက်ရေး လုပ်ငန်းများ၌ နိုင်ငံတော်မှ အားကိုးအားထားပြုရမည့် နိုင်ငံ့ သားကောင်းရတနာများ၊ သမီးကောင်းရတနာများဖြစ်အောင် လေ့ကျင့်သင်ကြား ပျိုးထောင်သွားကြရန် မှာကြား၍ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများအား ရင်းရင်း နှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ပြီး ကျောင်းဝင်းအတွင်းရှိ စာသင်ဆောင်၊ အိပ်ဆောင်၊ စားရိပ်သာ၊ စာကြည့်တိုက်၊ ကျောင်းသန့်ရှင်းသာယာလှပရေးနှင့် ရာသီသီးနှံ စိုက်ပျိုးထားရှိမှု အခြေအနေ ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။