“စက်သုံးဆီဈေးအားလုံး ပြန်တက်”
ဆက်တိုက်ပြန်ကျနေတဲ့ စက်သုံးဆီဈေးနှုန်းတွေ လေးပတ်မြောက်မှာ ပြန်လည်မြင့်တက်လာတာ တွေ့ရပါတယ်။
ဒီဇင်ဘာ ၁၉ ရက် ကြာသပတေးနေ့မှာ စစ်ကောင်စီဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက်(FX Trading Platform)မှာ သွင်းကုန်လုပ်ငန်းရှင်တွေကို တရုတ်ယွမ် ၁၀ သန်း ရောင်းချပေးမယ်လို့ ကြေညာထားပါတယ်။
ဒါပေမဲ့ နောက်တစ်နေ့ သောကြာနေ့မှာပဲ ရိုးရိုးဒီဇယ် တစ်လီတာကို ၆၅ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာကို ၈၀ ကျပ်၊ အောက်တိန်း 92 တစ်လီတာကို ၇၀ ကျပ်နဲ့ အောက်တိန်း 95 တစ်လီတာကို ၇၀ ကျပ်ကျဆင်းသွားတာဖြစ်ပါတယ်။
စနေနေ့ စက်သုံးဆီဈေးနှုန်းတွေကတော့ ဒီဇယ်တစ်လီတာ ၂၆၅၅ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၃၂၉၀ ကျပ်၊ အောက်တိန်း 92 တစ်လီတာ ၃၁၁၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၃၂၂၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။
Source – Myanmar Market Price