နော်ဝေးမှာ ကမ္ဘာ့ အရှည်ဆုံးနဲ့ အနက်ဆုံး ရေအောက်ကားလမ်းကို တည်ဆောက်နေပါတယ်။ ၁၆.၅ မိုင် ရှည်လျားတဲ့ Rogfast Tunnel ကို တည်ဆောက်နေတာ ဖြစ်ပြီး ခရီးသွားချိန်ကို များစွာ လျှော့ချပေးနိုင်ပါတယ်။
နော်ဝေးရဲ့ Trondheim ကနေ Kristiansand ကို သွားရင် ပုံမှန်အားဖြင့် ၂၁ နာရီကြာမြင့်ပြီး ရေအောက်ကားလမ်းကို သုံးရင် ၁၁ နာရီပဲ ကြာမြင့်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရေလမ်းကြောင်းနဲ့ပဲ သွားနိုင်တဲ့ Stavanger နဲ့ Bergen ကိုလည်း ရေအောက်ကားလမ်းကနေ သွားနိုင်မှာ ဖြစ်ပါတယ်။
ရေအောက်ကားလမ်းကို ၂၀၃၃ ခုနှစ်မှာ ဖွင့်လှစ်မှာ ဖြစ်ပြီး စီမံကိန်း ကုန်ကျစားရိတ်ဟာ စတာလင်ပေါင် ၁.၆ ဘီလီယမ် (ဒေါ်လာ ၂ ဘီလီယမ်ဝန်းကျင်) ရှိမယ်လို့ တွက်ချက်ထားပါတယ်။ ရေအနက် ၁,၃၀၀ ပေမှာ တည်ဆောက်မှာ ဖြစ်ပါတယ်။
Telegraph က အဲဒီ စံချိန်တင် ရေအောက်ကားလမ်းဟာ နော်ဝေး မြောက်ပိုင်းမှ Trondheim နဲ့ တောင်ပိုင်းက Kristiansand ကို ဆက်သွယ်တဲ့ E39 အဝေးပြေးလမ်း စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီစီမံကိန်းဟာ ဒေါ်လာ ၄၆ ဘီလီယမ် ( စတာလင်ပေါင် ၃၆ ဘီလီယမ်) ကုန်ကျမှာ ဖြစ်ပါတယ်။
Ref : Technology Innovation
Share This Story, Choose Your Platform!
Go to Top