ylliX - Online Advertising Network
Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် - Khit Thit Media

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် – Khit Thit Media


Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့

-အာရက္ခတပ်တော် AA က ဖမ်းဆီးရရှိထားထဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ၃ ဦးကို ပြည်သူအပေါ် ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေအလိုက် အပြစ်ပေးအရေးယူမှာ ဖြစ်တယ်လို့ AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

-မကွေးတိုင်း ငဖဲမြို့နယ်မှာ အမ်းမြို့နယ်ကို သွားလို့မရအောင် ပိတ်ဆို့ထားတဲ့ တော်လှန်ရေပူးပေါင်း တပ်တွေက စစ်ကောင်စီတပ်ရဲ့ စစ်ကူစစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီတပ်သား ၁၄ ဦးကတော့ အသီးသီး သေကုန်ကြပြီလို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) ရဲ့ တာဝန်ခံ ဆလိုင်းခနီ-လေဗွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

-ချင်းပြည်နယ် မင်းတပ်မြို့ကို ချင်းညီနောင် တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ပြီးတဲ့နောက် အကြမ်းဖက် စစ်ကောင်စီရဲ့ ခလရ ၂၇၄ ဗဟိုကင်းမှာ ချိတ်ဆွဲထားတဲ့ အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံကို ဖြုတ်ချပြီး ခြေနဲ့ နင်းချေ လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *