ylliX - Online Advertising Network
ကွီးတို့ ဝါသနာ မသိသေးဘူးလား

ကွီးတို့ ဝါသနာ မသိသေးဘူးလား


ဝါသနာ တစ်ခုက လူတစ်ယောက်ရဲ့ ဘဝကို အများကြီး အပြောင်းအလဲ ဖြစ်စေနိုင်တယ်ဆိုတာ သင်သိပါသလား ? အမှန်ပါပဲ။ ဝါသနာရဲ့ စွမ်းအားက သိပ်ကြီးပါတယ်။ ဝါသနာကနေပဲ သင့်ကို ထူးခြားအောင်မြင်တဲ့ လူတစ်ယောက် အဖြစ်ကို တိုးတက်ပြောင်းလဲလာအောင် ပံ့ပိုးပေးနိုင်ပါတယ်။ ဒီတော့ သင့်အနေနဲ့ရော ဘဝမှာ ဘာဝါသနာ ပါလဲဆိုတာ သိပါပြီလား ? မသိသေးရင်တော့ ကိုယ့်ရဲ့ ဝါသနာက ဘာဖြစ်မလဲဆိုတာ သိနိုင်ဖို့ အောက်ပါနည်းလမ်းတွေနဲ့ အဖြေရှာကြည့်လိုက်ပါနော်။

(၁) ငယ်ဘဝ စိတ်ဝင်စားမှုတွေကို ပြန်ကြည့်ပါ

How to find a hobby

Photo : Better Up

အများစုက ဝါသနာကို ငယ်ဘဝမှာ ရှာဖွေ့တွေ့ရှိ တတ်ကြပါတယ်။ ငယ်ငယ်က ကိုယ်ဘယ်လိုအရာတွေမှာ ဝါသနာပါခဲ့လဲ ပြန်တွေးကြည့်ပါ။ အနုပညာပိုင်းလား ၊ အားကစားလား ၊ တီထွင်ဖန်တီးမှုပိုင်းလား စသည်ဖြင့် ငယ်တုန်းက ကိုယ်ဝါသနာ ပါခဲ့တဲ့အရာတွေ ကနေတဆင့် ကိုယ့်ရဲ့ဝါသနာအစစ်အမှန်ကို ပြန်လည်ဖော်ထုတ် နိုင်ပါတယ်။

(၂) ဘယ်အရာက သင့်ကိုပျော်စေလဲ ဆန်းစစ်ပါ

How to find a hobby

Photo : Better Up

နေ့စဉ်ဘဝမှာ ကိုယ်တကယ်လုပ်ရတာ ပျော်တဲ့အရာက ဘာလဲ ဆန်းစစ်ကြည့်ပါ။ ကိုယ့်ကို ပျော်စေတဲ့ အလုပ်ဟာ ကိုယ့်ဝါသနာ ဖြစ်နိုင်ပါတယ်။ သင့်အနေနဲ့ ဒါလုပ်နေရရင်ကို အပျော်ကြီး ပျော်နေတယ် ၊ ပင်ပန်းတယ် မခံစားရဘူး ၊ ငြီးငွေ့မသွားဘူး ဆိုရင်တော့ အဲ့ဒီအရာက သင့်ဝါသနာ ဖြစ်ဖို့ များပါတယ်။ ကိုယ့်ဝါသနာ ကနေတဆင့်ပဲ ကြီးပွားတိုးတက်အောင် လုပ်ဆောင်သင့်ပါတယ်။

(၃) သင့် ကိုယ်ရည်ကိုယ်သွေးနဲ့ ကိုက်ညီမှုကို ရှာပါ

How to find a hobby

Photo : Better Up

သင်က ဘယ်လိုလူလဲ ၊ သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေး ပင်ကိုယ်စရိုက်က ဘယ်လိုရှိလဲဆိုတာ အပေါ် မူတည်ပြီး ဝါသနာကို စဉ်းစားလို့ ရပါတယ်။ ဥပမာအားဖြင့် သင်က လူအများနဲ့ ထိတွေ့ဆက်ဆံရတာကြိုက်လား ဒါမှမဟုတ် တစ်ကိုယ်တည်း ဖြတ်သန်းရတာ ကြိုက်နှစ်သက်တာလား စတဲ့ သင့် ကိုယ်ရည်ကိုယ်သွေးနဲ့ ကိုက်ညီမှု အရှိဆုံး ဖြစ်မယ့် အလုပ်တွေ ၊ Activities တွေကို ခွဲခြားသတ်မှတ်ပြီး ဝါသနာ ကို ရှာဖွေကြည့်နိုင်ပါတယ်။

(၄) စမ်းသပ်လုပ်ဆောင် ကြည့်ပါ

How to find a hobby

Photo : Better Up

ဝါသနာကို မသိရသေးခင်အထိတော့ တစ်ခုပြီးတစ်ခု ကိုယ်စိတ်ဝင်စားတဲ့ အရာတွေကို စမ်းကြည့်ရမှာပါပဲ။ ရှာဖွေရင်းကနေပဲ တွေ့ရှိကြတာပါ။ ဒါကြောင့် သင့်အနေနဲ့ ဝါသနာက ဘာလဲသိဖို့ သင်စိတ်ဝင်စားတဲ့ အရာတွေ ၊ စိတ်အားထက်သန်တာတွေကို လက်တွေ့စမ်းလုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ စမ်းသက်ကြည့်ရင်းကနေပဲ ကိုယ့် ဝါသနာ အစစ်က ဘာလဲဆိုတာ သိလာမှာဖြစ်ပြီး ဝါသနာကို ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။

Source : Better Up

Featured Photo : GenThirty





Source link

Leave a Reply

Your email address will not be published. Required fields are marked *