ပြည်သူ့စစ်မှုထမ်းသင်တန်းမှ သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းများသည် တပ်ရင်း၊ တပ်ဖွဲ့အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြပြီဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၁၀ ရက်မှစတင်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းပြီးသည့်နောက်
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁) ကို (ဧပြီလ ၈ ရက်) မှစတင်၍ ဖွင့်လှစ်သင်ကြာပေးခဲ့သည်။
ထိုသင်တန်းများမှ သင်တန်ဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းများသည် တာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်ကြောင်း ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်တွင် ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၈) သင်တန်းဆင်းပွဲ၌ စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
လက်ရှိ အမှတ်စဉ် (၈) ကို သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီး၌ သင်တန်းဖွင့်ပွဲများ ပြုလုပ်ခဲ့ပြီး နေပြည်တော်ကောင်စီဉက္ကဋ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းဆိုသည်။
ပြည်သူ့စစ်မှုထမ်း ဥပဒေကို စစ်ကောင်စီက ထုတ်ပြန်ပြီးနောက် သျှမ်းပြည်အပါအဝင် နိုင်ငံတစ်ဝှမ်း လူငယ်များသည် အတင်းအကျပ် စစ်သားစုဆောင်းခြင်းခံရပြီး ရှေ့တန်းသို့ပို့ဆောင်ခံရသလို ငွေကျပ်သိန်းဆယ်ချီ ပေးဆောင်မှ ပြန်လည်လွတ်မြောက်လာသူများရှိသည်။