ylliX - Online Advertising Network
Popular Journal

စက်သုံးဆီများကို လိုအပ်သလောက်ဝယ်ယူနိုင်မည့် MPTA FM Application အား ဇန်နဝါရီ ၁ ရက်မှစတင်အသုံးပြုနိုင်ပြီဖြစ်




မည်သည့် စက်သုံးဆီအမျိုးအစားကိုမဆို လို အပ်သလောက်ဝယ်ယူနိုင်မည့် MPTA FM Application အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစတင်၍ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

MPTA FM Application အား မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း(MPTA)နှင့်ပူးပေါင်း၍ ရေးဆွဲခဲ့ခြင်းဖြစ်သည်။

အဆိုပါ Application အား ပြည်သူများအနေဖြင့် ဖုန်းအသုံးပြု၍ နီးစပ်ရာ မည်သည့်စက်သုံးဆီအရောင်းဆိုင်များတွင် မည်သည့်စက်သုံးဆီအမျိုးအစားများကို မည်သည့်စျေးနှုန်းများဖြင့် လိုအပ်သလောက်ဝယ်ယူဖြည့်တင်းနိုင်ခြင်း ရှိ/မရှိသိရှိနိုင်ရန်အတွက် ရေးဆွဲခဲ့ခြင်းဖြစ်သည်။

ယင်း Application ၌ နိုင်ငံတစ်ဝှမ်းရှိ စက်သုံးဆီအရောင်းဆိုင်များတည်နေရာ၊ ဆိုင်ဖွင့်ချိန်/ပိတ်ချိန်၊ ရရှိနိုင်သည့် စက်သုံးဆီအမျိုးအစားနှင့် အရောင်းစျေးနှုန်း သတင်းအချက်အလက်များကို ထည့်သွင်းထားသည်။

ထို့ကြောင့် ၎င်း Application အား Android Version ဖုန်းများဖြင့် Google Play Store တွင် Download ပြုလုပ်ကာ စတင်အသုံးပြုနိုင်ပြီး IOS Version ဖုန်းများဖြင့် F Store မှတစ်ဆင့် Download ပြုလုပ်အသုံးပြုနိုင်ရန်လည်း ဆက် လက်ဆောင်ရွက်လျက်ရှိသည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *