ylliX - Online Advertising Network
နှစ်သစ်ကူးကာလအတွင်း ရန်ကုန်- ပြည်နှင့် ရန်ကုန်- မော်လမြိုင် အထူးရထားများပြေးဆွဲပေးမည်

နှစ်သစ်ကူးကာလအတွင်း ရန်ကုန်- ပြည်နှင့် ရန်ကုန်- မော်လမြိုင် အထူးရထားများပြေးဆွဲပေးမည်








နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း အများပြည်သူ ခရီးသွားလာရေး အဆင်ပြေစေရန်အတွက် ရန်ကုန်- ပြည်နှင့် ရန်ကုန်- မော်လမြိုင် အထူးရထားခရီးစဉ်များ ပြေးဆွဲပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ အသိပေးထုတ်ပြန်ထားသည်။

ရန်ကုန်- မော်လမြိုင်အဆန် အထူးရထား၊ မော်လမြိုင်-ရန်ကုန်အစုန်အထူးရထားကို ဒီဇင်ဘာ (၂၇) ရက်တွင်လည်းကောင်း၊ ရန်ကုန်- မော်လမြိုင် အဆန်အထူးရထားကို မော်လမြိုင်-ရန်ကုန် အစုန်အထူးရထားကို ဒီဇင်ဘာ(၂၈) ရက်တွင်လည်းကောင်း ပြေးဆွဲပေးမည်ဖြစ်သည်။

အလားတူ ၂၀၂၅ခုနှစ် ဇန်နဝါရီ (၁) ရက်တွင် ရန်ကုန်-ပြည် အဆန်အထူးရထား၊ ရန်ကုန်-မော်လမြိုင် အဆန်အထူးရထား၊ မော်လမြိုင်-ရန်ကုန် အစုန်အထူးရထားနှင့် ပြည်-ရန်ကုန် အစုန်အထူးရထားများကို ပြေးဆွဲသွားမည်ဖြစ်သည်။ 

ရန်ကုန်-မော်လမြိုင်အထူးရထားသည် ရန်ကုန်ဘူတာကြီးမှ မနက် (၇) နာရီ (၄၅) မိနစ်တွင်ထွက်ခွာမည်ဖြစ်ပြီး မော်လမြိုင်-ရန်ကုန် အစုန်အထူးရထားသည် မော်လမြိုင်ဘူတာမှ မနက် (၉) နာရီ (၁၅) မိနစ်တွင် စတင်ထွက်ခွာမည်ဖြစ်သည်။

Crd/mht




Source link

Leave a Reply

Your email address will not be published. Required fields are marked *