မန္တလေးမြို့ရှိ နဂါးနန်းတော်စိန်ရွှေရတနာဆိုင် ယနေ့နံနက် ၉ နာရီခန့်က ဓါးပြတိုက်ခံရပြီး ရွှေတစ်ပိဿာနှင့် ငွေများ ပါသွားခဲ့ကြောင်း သတင်းရရှိသည်။
ချမ်းအေးသာစံမြို့နယ် ၊၇၇လမ်း ၊ ၃၂လမ်းနှင့်၃၃လမ်းကြားရှိ နဂါးနန်းတော် စိန်ရွှေရတနာဆိုင်အား နံနက် ၉နာရီခန့်က ဆိုင်ရှင်နှင့်ဝန်ထမ်းများ ၊လုံခြုံရေးများက ဆိုင်ဖွင့်ရန်ပြင်ဆင်နေစဉ် သေနတ်ကိုင်ဆောင်လာသည့် အမျိုးသားနှစ်ဦး ရောက်ရှိလာပြီး ဓါးပြတိုက်သွားခြင်းဖြစ်သည်။
ကောင်တာအတွင်း ခင်းကျင်းထားသော ရွှေတစ်ပိသာခန့်နှင့် ငွေသိန်းသုံးဆယ်ကျပ်ခန့်အား ယူဆောင်သွားကြောင်း စုံစမ်း သိရသည်။