(၂၃-၁၂-၂၀၂၄ ရက်၊ တိုကျို)
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ မြန်မာသံရုံး၊ တိုကျိုမြို့နှင့် အာဆီယံ-ဂျပန်စင်တာတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဂျပန်ဟင်းလျာချက်ပြုတ်နည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Center for Tourism Development (CTD) ၌ ကျင်းပခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန် အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်နှင့် အာဆီယံ-ဂျပန်စင်တာမှ စီမံကိန်းဒါရိုက်တာ Mr. Chairat Liengkajornkiet တို့က အမှာစကား အသီးသီး ပြောကြားခဲ့ပါသည်။ ဂျပန်ဟင်းလျာချက်ပြုတ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ၊ စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ဂျပန်ဟင်းလျာချက်ပြုတ်နည်းသင်တန်းအား ရက်သတ္တ (၄) ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ *************************************