စမ်းချောင်းမြို့တွင် အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ကျူးလွန်သူ PDF (၂) ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက် နံနက် ၁၀ နာရီ ၁၅ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၊ ပန်းလိူင်လမ်း၊ ဟုမ်းလမ်းဘူတာရပ်ကွက်ရုံးထဲတွင် ရုံးလုပ်ငန်းများလုပ်ကိုင်နေသည့် အုပ်ချုပ်ရေးမှူး ဦးစန်းငွေကို PDF များမှ သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် ထိုဦးစန်းငွေမှာ ဝမ်းဗိုက်တွင် သေနတ်ဒဏ်ရာရပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာန ICU အထူးကြပ်မတ်ဆောင်တွင် ဆေးကုသနေစဉ် ဒီဇင်ဘာလ ၂၆ ရက် နံနက် ၅ နာရီ ၃၀ အချိန်တွင် သေဆုံးသွားကြောင်း သိရသည်။
ကျူးလွန်သူ PDF (၂) ဦးကို ဒီဇင်ဘာလ ၂၄ ရက် ညခင်းအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ ရွာသစ်အနောက် (၁)၊ အမှတ်(၇၈၂)အဆောင်တွင် လွန်ခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ငှားရမ်းနေထိုင်သည့် အသက်(၂၉)နှစ်အရွယ် ဇော်ဘို(ဘ)ဦးသိန်းဇော် လှိုင်သာယာမြို့နယ်၊ ၅ ရပ်ကွက်၊ သိင်္ဂီ ၂ လမ်း၊ အမှတ် ၉၁၄/၉၁၅ တွင်နေထိုင်ခဲ့သည့်အသက်(၂၉)နှစ်အရွယ် မနွေးနွေးအိ (ဘ)ဦး တင့်လွင်တို့ နှစ်ဦးတို့ကို တာဝန်ရှိသူများမှ သေနတ်တစ်ချက်ပစ်၍ ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းတို့ဆီမှ သေနတ်အတိုတစ်လက်နှင့် ကျည်ဆံအချို့ကို ဖမ်းဆီးရရှိကြောင်း သိရသည်။