ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် သေဆုံးသွားပြီလို့ သားဖြစ်သူ ကင်အဲရစ်ကြေညာဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်မှာ ပျံ့နှံ့နေတာဟာ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။
ဒီဇင်ဘာ ၂၄ ရက်က စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုအကြိမ်အရေအတွက် ၁ သိန်းရရှိထားတယ်။
“အကျဉ်းထောင်ထဲမှာ အမေစု အသက်မရှိတော့ဘူးဟု
သားဖြစ်သူကိုယ်တိုင် အတည်ပြုကြေညာလို့
တကမ္ဘာလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြပြီ”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
“Daily Burmese Vlog”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိနေတဲ့ နေရာတခုဖြစ်တယ်။ အခုလည်း ဗွီဒီယိုထဲမှာဖော်ပြခဲ့တဲ့အကြောင်းအရာဟာ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ သားဖြစ်သူ ကင်အဲရစ်က တောင်းဆိုလိုက်တဲ့ သတင်းကို ပြန်လည်ဖော်ပြထားခြင်းဖြစ်တယ်။ အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ သက်တမ်း လေးပုံတပုံလောက်ဟာ စစ်တပ်ဖမ်းဆီးမှုအောက်မှာ ဖြတ်သန်းခဲ့ရပြီး သူဟာ သူ့နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးတွေအတွက် သူ့တဘဝလုံးကို ပေးဆပ်ခဲ့သူသာဖြစ်တယ်လို့ ကင်အဲရစ်က ပြောပြီး သူ့အမေဟာ ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး အားနည်းနေတာကိုလည်း ထောက်ပြပါတယ်။
သုံးသပ်ချက်
Daily Burmese Vlog”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိနေတဲ့ နေရာတခုဖြစ်တယ်။ ကျန်းမာရေးမကောင်းတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ သားဖြစ်သူရဲ့ တောင်းဆိုချက်ကို ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် သေဆုံးသွားပြီလို့ သားဖြစ်သူ ကြေညာတယ်လို့ လုပ်ကြံရေးသားပြီး သတင်းတုဖြန့်ဝေနေခြင်းဖြစ်တယ်။
ပြောဆိုချက်- ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် သေဆုံးသွားပြီလို့ သားဖြစ်သူ ကြေညာ
Title:Fact Check: ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် သေဆုံးသွားပြီလို့ သူ့သား ကြေညာဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်
Result: False