ylliX - Online Advertising Network
ပုပ္ပါးတောင်မကြီးပေါ်ရှိ စစ်တပ် ဆက်သွယ်ရေးစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး အရှင်ဖမ်းဆီးရမိသော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် ၂ ဦးလုံးသေဆုံး၊ သေနတ် ၂ လက် သိမ်းဆည်းရရှိ - Khit Thit Media

ပုပ္ပါးတောင်မကြီးပေါ်ရှိ စစ်တပ် ဆက်သွယ်ရေးစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး အရှင်ဖမ်းဆီးရမိသော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် ၂ ဦးလုံးသေဆုံး၊ သေနတ် ၂ လက် သိမ်းဆည်းရရှိ – Khit Thit Media


ပုပ္ပါးတောင်မကြီးပေါ်ရှိ စစ်တပ် ဆက်သွယ်ရေးစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး အရှင်ဖမ်းဆီးရမိသော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် ၂ ဦးလုံးသေဆုံး၊ သေနတ် ၂ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်မကြီးပေါ်ရှိ အကြမ်းဖက် စစ်တပ် ဆက်သွယ်ရေးစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦး အရှင်ဖမ်းဆီးရမိသော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် ၂ ဦးလုံးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ပုပ္ပားပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်ဗျတ္တက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ ည ၆ နာရီခန့်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်မကြီးပေါ်ရှိ ဆက်သွယ်ရေး စခန်းတွင် တာဝန်ကျနေသော စစ်ကောင်စီ တပ်သား ၃ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်မှ အရာခံဗိုလ် အဆင့်ရှိသူ အပါအဝင် စစ်ကောင်စီ တပ်သား ၂ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ၁ ဦးမှာ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း၊ အရှင် ဖမ်းဆီးရမိသူ ၂ ဦးကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် စစ်သုံ့ပန်း ဥပဒေနှင့် အညီ တော်လှန်ရေး တပ်ဖွဲ့များ၏ နယ်မြေကို ခေါ်ဆောင်လာ‌‌စဉ် လမ်း၌ ခုခံထွက်ပြေးသွားသောကြောင့် ပစ်ခတ် ဖမ်းဆီးရာ ၂ ဦးလုံးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို တိုက်ပွဲအတွင်း အရှင် ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သား ၂ ဦးထံမှ MA-11 သေနတ် ၁ လက်၊ UZI သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“စစ်ရေးတွေ အရှိန်မြှင့်မှာ ဖြစ်တဲ့အတွက် ပြည်သူတွေကို စစ်ခွေးတွေနဲ့ ဝေးဝေးနေစေချင်ပါတယ်။ ပြီးတော့ စစ်ရေးအရှိန်မြှင့်ဖို့အတွက် ကမ်ပိန်းလေးမှာလည်း ပါဝင်ပေးဖို့ပြောချင်ပါတယ်” ဟု Popa Production & Guerilla Force – PPGF (ပုပ္ပားပြောက်ကျားတပ်ဖွဲ့)မှ ရဲဘော်ဗျတ္တက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Popa Guerilla Force (PGF) တပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်​ဖြစ်သော Myingyang Black Tiger (MBT) တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *