ylliX - Online Advertising Network

ကိုရီးယား‌ရောက် မြန်မာနိုင်ငံသားများ၏ ပတ်စ်ပို့ဆိုင်ရာကိစ္စရပ်များအတွက် Glow Mate Application ကို ပြောင်းလဲအသုံးပြုမည်


ကိုရီးယား‌ရောက် မြန်မာနိုင်ငံသားများ၏ ပတ်စ်ပို့ဆိုင်ရာကိစ္စရပ်များအတွက် Glow Mate Application ကို ပြောင်းလဲအသုံးပြုသွားမည်ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်အသိပေးထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက်မှစတင်ကာ မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ် ကိစ္စရပ်များနှင့် ပတ်သက်၍ လူကိုယ်တိုင်သွားပြီး ကြိုတင်ရက်ချိန်းယူသည့် စနစ်အစား Online Appointment စနစ်သို့ ပြောင်းလဲဆောင်ရွက်ခဲ့သည်။

ယခုအခါ လက်ရှိဆောင်ရွက်နေသည့် Online Appointment စနစ် အသုံးပြုခဲ့ချိန်တွင် ကြုံတွေ့ခဲ့သည့် အခက်အခဲနှင့် အတွေ့အကြုံများကို အခြေခံကာ ကောင်စစ်ဆိုင်ရာကိစ္စများ ယခုထက် ပိုမိုလွယ်ကူလျင်မြန် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန်ရေးအတွက် Glow Mate Application ကို ပြောင်းလဲအသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။

လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ကြိုတင်ရက်ချိန်းယူမည့်သူများအ‌နေဖြင့် လက်ရှိအသုံးပြုနေသည့် Online Appointment စနစ်ကို ဆက်လက်အသုံးပြုနိုင်ပြီး မတ်လနောက်ပိုင်းအတွက် ရက်ချိန်းရယူမည့်သူများအနေဖြင့် ဒီဇင်ဘာ (၂၇) ရက်မှစတင်ကာ Glow Mate Application ကတဆင့် ကြိုတင်ရက်ချိန်းယူရမည်ဖြစ်ကြောင်း သိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *