ylliX - Online Advertising Network

မြန်မာနိုင်ငံရှိ အဓိကတယ်လီကွန်းလိမ်လည်မှုဂိုဏ်းကိုတရုတ်ကတရားစွဲဆို


ဟန်ကျိုး၊ဒီဇင်ဘာ ၃၀

မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် တယ်လီကွန်းလိမ်လည်မှုဂိုဏ်းအဖွဲ့ဝင် ၃၉ ဦးကို တရုတ်ပြည်သူများကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားကာလိမ်လည်မှု၊တယ်လီကွန်းလိမ်လည်မှုများဖြင့် တရုတ်နိုင်ငံက ယနေ့တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်းသိရသည်။

တရားစွဲဆိုခံရသူများထဲတွင် မောင်မြင်ရှောင့်ဖျင်နှင့်မသီရိမောင်တို့အပါအဝင် သံသယရှိသူများအား လိမ်လည်မှု၊ရည်ရွယ်ချက်ရှိရှိလူသတ်မှု၊ရည်ရွယ်ချက်ရှိရှိထိခိုက်ဒဏ်ရာရစေမှု၊ လူများကို တရားမဝင်ဖမ်းဆီးထိန်းသိမ်းထားမှု၊ကာစီနိုဖွင့်မှု၊မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် ပြည့်တန်ဆာလုပ်ငန်းအတွက် ဖျားယောင်းသွေးဆောင်မှုများဖြင့်စွဲချက်တင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယခုအမှုကို တရုတ်နိုင်ငံအရှေ့ပိုင်း ရှီကျန်ပြည်နယ်ရှိ ကမ်းရိုးတန်းမြို့ဖြစ်သည့် ဝမ်ကျိုးမြို့ရှိဒေသဆိုင်ရာတရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတရားခံများထဲတွင် မြန်မာနိုင်ငံသား ၁၆ ဦးလည်းပါဝင်သည်ဟုသိရသည်။

ထို့အပြင် ရာဇဝတ်ဂိုဏ်းများနှင့်ဆက်စပ်နေသည့် အခြား ထောင်ချီသောသံသယရှိများကိုလည်း ဝမ်ကျိုးအပါအဝင် တရုတ်နိုင်ငံတစ်ဝန်းရှိ အခြားနေရာများတွင် စုံစမ်းစစ်ဆေးလျက်ရှိကြောင်းလည်းသိရသည်။

ယင်းသို့စုံစမ်းစစ်ဆေးမှုများအရ ၎င်းတို့နှင့်ဆက်စပ်နေသည့် တယ်လီကွန်းလိမ်လည်မှုပေါင်း ၁၀,၀၀၀ ကျော် ကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး အဆိုပါလိမ်လည်မှုများသည် ယွမ်ငွေ ဘီလျံချီ၍တန်ဖိုးရှိပြီး အချို့သောတရုတ်နိုင်ငံသားများမှာ အသက်ဆုံးရှုံးသည်အထိပင်ဖြစ်ခဲ့ကြရသည်ဟုလည်းသိရသည်။

Source : ရှင်းဟွာ



Source link

Leave a Reply

Your email address will not be published. Required fields are marked *