ylliX - Online Advertising Network

မန္တလေးမြို့တွင် နှစ်သစ်ကူးပွဲတော် ကျင်းပ၍ ပြည်သူများ နှစ်သစ်ကိုပျော်ရွှင်စွာကြိုဆို


 

မန္တလေးမြို့တွင် နှစ်သစ်ကူးပွဲတော် ကျင်းပ၍ ပြည်သူများ နှစ်သစ်ကိုပျော်ရွှင်စွာကြိုဆို

 

မန္တလေး    ဒီဇင်ဘာ   ၃၁

    ခရစ်နှစ်  ၂၀၂၄ ခုနှစ်   ကုန်ဆုံး၍ ၂၀၂၅ ခုနှစ်သို့   ကူးပြောင်းသည့်အထိမ်းအမှတ် အဖြစ် နိုင်ငံတကာနှစ်သစ်ကူး ပွဲတော်များကို ကမ္ဘာတစ်ဝန်းတွင် ပျော်ရွှင်စွာဆင်နွှဲ ကြသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း နေပြည်တော်၊   ရန်ကုန်၊  မန္တလေးမြို့ကြီးများနှင့် အခြားမြို့ကြီးများတွင်   ပျော်ပွဲရွှင်ပွဲများ၊ ဖျော်ဖြေပွဲများထည့်သွင်း၍ကျင်းပကြကာ နှစ်သစ်ကို တညီတညွတ်တည်း ပျော်ရွှင်စွာ ကြိုဆိုခဲ့ကြသည်။

မန္တလေးမြို့သူ၊ မြို့သားများအနေဖြင့်လည်း ယနေ့ညနေပိုင်းမှစတင်၍ နှစ်သစ်ကို ကြိုဆိုကြရန် မိသားစုနှင့်မိတ်ဆွေသူငယ်ချင်း အစုအဖွဲ့အလိုက် ပျော်ရွှင်ဖွယ်ရာအစီအစဉ်များဖြင့်  နှစ်သစ်ကူးပြောင်းမည့်အချိန်အခိုက်အတန့်ကို     စောင့်မျှော်ဆင်နွှဲကြသည်။

ထို့ပြင် ဒေသခံများနှင့်   အနယ်နယ်အရပ်ရပ်မှ     ပြည်သူများ တပျော်တပါး နှစ်သစ်ကူးအခါသမယကို   ဆင်နွှဲနိုင်ရန်အတွက် နှစ်သစ်ကူးအထိမ်းအမှတ်ပွဲတော်ကို ည ၆ နာရီမှစတင်၍  ၂၆  လမ်းနှင့် ၆၆ လမ်း(ကျုံးထောင့်)တွင် ဖျော်ဖြေရေးစင်မြင့်ထားရှိ၍    နိုင်ငံကျော်အဆိုတော်များ၏ ဖျော်ဖြေမှုများနှင့်အတူ  ပျော်ပွဲရွှင်ပွဲများ ထည့်သွင်း၍ကျင်းပခဲ့သည်။

ပွဲတော်သို့    လာရောက်ဆင်နွှဲသည့် ကိုလှမြင့်သိန်းက    “နှစ်သစ်ကိုကြိုဆိုဖို့ အတွက် လာရောက်ဆင်နွှဲခြင်းဖြစ်ပါတယ်။

နှစ်သစ်ကူးချိန်ကိုစောင့်ပြီး Happy New Year လို့ မိသားစုလိုက် သံပြိုင်အော်ဟစ်ပြီး နှစ်သစ်ကိုဖြတ်ကျော်ချင်ပါတယ်။ ပျော်ရွှင်ဖွယ်ဖြစ်အောင် နှစ်သစ်ကူးပွဲစီစဉ်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ရှိပါတယ်။ လျှပ်စစ်ရောင်စုံအလှမီးတွေထွန်းညှိထားတာကြောင့်လည်း    ပွဲတော်ကြီးကို လှပစေပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ အဆိုတော်တွေရဲ့ သီချင်းတွေကို နားဆင်ခံစားပြီး    ကခုန်ခွင့်ရတဲ့အတွက်လည်း ပြီးပြည့်စုံတဲ့ နှစ်သစ်ကူးညတစ်ညဖြစ်တယ်လို့ခံစားမိပါတယ်” ဟုပြောသည်။  

အဆိုပါ ပွဲတော်တွင် ဖျော်ဖြေရေးစင်မြင့်ထားရှိပြီး မန်းစည်ပင် ခေတ်ပေါ်တေးဂီတနှင့် DJ အစီအစဉ်များဖြင့်တွဲဖက်၍ နိုင်ငံကျော်အဆိုတော်များ၏ မြူးကြွစွာသီဆို ဖျော်ဖြေမှုများကြောင့် နှစ်သစ်ကူးပွဲတော်ကို    ပိုမိုအသက်ဝင်စေခဲ့ပြီး အနယ်နယ် အရပ်ရပ်မှ    ပြည်သူများအနေဖြင့်လည်း တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးစွာ နှစ်သစ်ကူး အချိန်ကာလကို အတူတကွဖြတ်ကျော်ကြသည်။

ပွဲတော်သို့ လာရောက်ဆင်နွှဲကြသူများ အစားအသောက်များ   သုံးဆောင်နိုင်ရန်အတွက်လည်း စားသောက်ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချပေးခဲ့ပြီး ကား/ဆိုင်ကယ် များ စနစ်တကျအပ်နှံနိုင်ရန်လည်း စီစဉ်ဆောင်ရွက်ပေးထားသည်။

ထို့နောက် ပွဲတော်လာပြည်သူများသည် နှစ်သစ်ကူးအချိန်ကာလဖြစ်သည့် ည ၁၂ နာရီမထိုးမီ နှစ်ကူး Countdown ကို တပျော်တပါးရေတွက်ကြကာ ည ၁၂ နာရီတိတိတွင် Happy New Year ဟု တညီတညွတ်တည်း သံပြိုင်ရေရွတ်ကာ     မီးရှူးမီးပန်းများ ပစ်ဖောက်၍ နှစ်သစ်ကို ပျော်ရွှင်စွာကြိုဆိုခဲ့ကြကြောင်း သိရသည်။       



Source link

Leave a Reply

Your email address will not be published. Required fields are marked *