တောင်တွင်းကြီးမြို့နယ်ရှိ အသောကဘုန်းကြီးကျောင်းအနီး ခိုင်ခိုင်ကျော် ဓာတ်ဆီဆိုင်နဲ့ နန်းထိုက်စံဓာတ်ဆီဆိုင်ကြားမှာ စစ်အုပ်စုကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် ၄ဦးသေဆုံးသွားကြောင်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်တွင်းကြီးတပ်ရင်းက ထုတ်ပြန်ပါတယ်။ဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီအချိန် တောင်တွင်းကြီးမြို့နယ်၊ အသောကဘုန်းကြီးကျောင်းရဲ့ မျက်နှာချင်းဆိုင် စပါးဒိုင်ကနေ စစ်တပ်နဲ့ပျူအဖွဲ့ လှုပ်ရှားနေကြောင်း သတင်းရတာကြောင့် အဝေးထိန်းမိုင်းတွေကို ကြိုတင်ပြင်ဆင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ဖောက်ခွဲတိုက်ခိုက်မှုဟာ ခိုင်ခိုင်ကျော်ဓာတ်ဆီဆိုင်နဲ့ နန်းထိုက်စံဓာတ်ဆီဆိုင်အကြားဖြစ်ပြီး စစ်သားနဲ့ ပျူစောထီး ၄ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။သေဆုံးသူတွေရဲ့ သွေးကွက်တွေကို စစ်အုပ်စုက ထုံးနဲ့ဖုံးထားခဲ့တယ်လို့ ဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကို ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်တွင်းကြီးတပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တောင်တွင်းကြီး မြို့နယ်အတွင်းလုံခြုံရေးနဲ့ တိုက်ပွဲဆောင်ရွက်မှုတွေကို ဆက်လက်အားဖြည့်သွားမယ်လို့လဲ အသိပေးထားပါတယ်။