ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ Kpay ကနေ ငွေခိုးယူခံရတာတွေနဲ့ပတ်သက်လို့ အမြန်ဆုံး စိစစ်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ကြီးကြပ်လမ်းညွှန်မှုနဲ့အတူ စုံစမ်းထုတ်ဖော်သွားမယ်လို့ KBZPay က အသိပေးထုတ်ပြန်ထားပါတယ်။ ❝လတ်တလောတွင် အသုံးပြုသူအချို့၏ အကောင့်များသို့ OTP ကို ရယူပြီး PIN နံပါတ် ကို ခန့်မှန်းကာ ဝင်ရောက်သည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ကမ္ဘောဇဘဏ်မှ သိရှိသတိပြုမိထားပြီး ဖြစ်ကြောင်းနှင့် အသုံးပြုသူများ ငွေကြေးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ကမ္ဘောဇဘဏ်မှ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် အကောင်းဆုံး ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း အသိပေးအပ်ပါသည်။ ယခုဖြစ်စဉ်များကိုလည်း အမြန်ဆုံး စိစစ်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ကြီးကြပ်လမ်းညွှန်မှု နှင့်အတူ စုံစမ်းထုတ်ဖော်သွားမည် ဖြစ်ပါသည်။❞ ဆိုပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။အလားတူ KBZPay မိုဘိုင်းပိုက်ဆံအိတ် အသုံးပြုသူတွေအနေနဲ့ မိမိတို့ရဲ့ မိုဘိုင်းပိုက်ဆံအိတ် လုံခြုံရေးအတွက် OTP နဲ့ PIN နံပါတ်တွေနဲ့ပတ်သက်လို့ သတိထားသင့်တဲ့ အချက်တွေကို KBZPay ရဲ့ ဒစ်ဂျစ်တယ် လုံခြုံရေးဆိုင်ရာ သတိပေးထုတ်ပြန်ချက် (https://www.kbzpay.com/my/updates-mm/announcements-mm/important-digital-security-reminder-from-kbzpay-mm/)မှာ ဝင်ရောက်ဖတ်ရှုဖို့လည်း တိုက်တွန်းထားပါတယ်။ဒါ့အပြင် အကောင့်လုံခြုံရေးနဲ့ပတ်သက်တဲ့ တိုးမြှင့်ဆောင်ရွက်မှုတွေကို လာမယ့် ရက်သတ္တပတ်တွေမှာ ဆက်လက်ထုတ်ပြန်ကြေညာသွားမယ်လို့ KBZPay ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒