ylliX - Online Advertising Network

“အားလုံးအဆင်ပြေသွားမှာပါ” ဟု နှစ်သစ်ကူးမိန့်ခွန်းတွင် ပူတင် ပြောကြား


မော်စကို၏ ယူကရိန်းစစ်ပွဲ လေးနှစ်မြောက်ကာလသို့ ဝင်ရောက်လာတော့မည့် နှစ်သစ်တွင် ပြည်သူများ စည်းလုံးညီညွတ်ကြရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က တိုက်တွန်းလိုက်သည်။

“အားလုံးအဆင်ပြေသွားမယ်လို့ ယုံကြည်ပါတယ်၊ ငါတို့ ရှေ့ဆက်ချီတက်ကြမှာပါ” ဟု သူ၏ နှစ်သစ်ကူးမိန့်ခွန်းတွင် ရုရှားသမ္မတက ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲကို အမည်တပ်ပြောဆိုခြင်းမပြုဘဲ လက်ရှိဆောင်ရွက်နေသာ ရုရှားစစ်သားများကို ပူတင်က ချီးကျူးခဲ့သည်။ “ဒီကြီးမားတဲ့ တာဝန်ကို ထမ်းဆောင်နေရတဲ့ မင်းတို့ဟာ စစ်မှန်တဲ့ သူရဲကောင်းတွေပါ” ဟု သူက ပြောကြားခဲ့သည်။

ရဲဘော်များသည် ရုရှားနိုင်ငံကို ကာကွယ်ပေးမည်ဖြစ်ကာ ရုရှားပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်သော ငြိမ်းချမ်းရေးကို အာမခံချက်ပေးမည်ဖြစ်သည်ဟု ပူတင်က ဆက်လက်ပြောဆိုခဲ့သည်။

သမ္မတ၏ သုံးမိနစ်ခွဲကြာ မိန့်ခွန်းကို နိုင်ငံ၏ အချိန်ဇုန် ၁၁ ခုအလိုက် ထုတ်လွှင့်နေပြီး အင်္ဂါနေ့ ဂရင်းနစ်စံတော်ချိန် ၁၂း၀၀ နာရီတွင် နိုင်ငံ၏ အရှေ့ဖျားစွန်း Kamchatka မှစတင်ကာ ယင်းဒေသများသည် ၂၀၂၅ ခုနှစ် နှစ်သစ်ကို ဝင်ရောက်မည်ဖြစ်သည်။

ယဟျူးနူးစ်



Source link

Leave a Reply

Your email address will not be published. Required fields are marked *