ylliX - Online Advertising Network

နှစ်သစ်ကူးရုံးပိတ်ရက်များတွင် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE.FALLS) ပန်းပွဲတော်သို့  အေးချမ်းပျော်ရွှင်စွာ လာရောက် အပန်းဖြေသူများနှင့် စည်ကားများပြားလျက်ရှိ


နှစ်သစ်ကူးရုံးပိတ်ရက်များတွင် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE.FALLS) ပန်းပွဲတော်သို့  အေးချမ်းပျော်ရွှင်စွာ လာရောက် အပန်းဖြေသူများနှင့် စည်ကားများပြားလျက်ရှိ

ပြင်ဦးလွင် ဇန်နဝါရီ ၁

နှစ်သစ်ကူး ရုံးပိတ်ရက်ကာလအတွင်း ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE.FALLS) ပန်းပွဲတော် သို့ အနယ်နယ်အရပ်ရပ်မှ အေးချမ်းပျော်ရွှင်စွာ လာရောက် အပန်းဖြေသူများ နှင့် စည်ကားများပြားလျက် ရှိကြောင်း သိရသည်။

ပြင်ဦးလွင်-လားရှိုး ကားလမ်းမကြီးအနီးရှိ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE.FALLS)အား နိုင်ငံတကာအဆင့်မီ အပန်းဖြေစခန်းတစ်ခုအဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်ခဲ့ပြီး အဆင့်မြင့် ခေတ်မီ 5D LED DIGITAL မှန်တံတား၊ ခေတ်မီ ကလေး ကစားကွင်း၊ Jumping Cloud၊ ကြိုးတံတား၊ အလှသစ်လုံးအိမ်၊ တောတွင်း လျှောက်လမ်း၊ အမှတ်တရ အလှဓာတ်ပုံ ရိုက်ကူးရန်နေရာများ၊ အဆင်မြင့်ကော်ဖီဆိုင် နှင့် စားသောက်ဆိုင်များ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များ၊ ဒေသထွက်ပစ္စည်း အရောင်းဆိုင်များနှင့် ဒေသထွက်အစားအစာ စားသောက်ဆိုင်များအပြင် ဆင်လိမ္မာ လေးများ၏ ဖျော်ဖြေမှုများ၊ ကိုယ်တိုင်ပါဝင်သီဆိုနိုင်သော Unplugged တေးဂီတ ဖျော်ဖြေရေး အစီအစဉ်များအား စီစဉ်ထားရှိကာ Sky Cable Car နှင့် ဒိုင်နိုဆောဥယျာဉ် (DINOSAUR KINGDOM)ကိုပါ ထပ်မံ ထည့်သွင်း တည်ဆောက် ဖွင့်လှစ်ထားရှိပြီး အပန်းဖြေစခန်းအတွင်း Buggy ယာဉ်ငယ်များဖြင့် လှည့်လည်ကြည့်ရှု အပန်းဖြေနိုင်ရေး နှင့် လာရောက်အပန်းဖြေသူများ အေးချမ်းပျော်ရွှင်စွာ အပန်းဖြေ အနားယူနိုင်ရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် လုံခြုံရေးနှင့် သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများကိုပါ ကြိုတင်ပြင်ဆင် စီမံထားရှိကြောင်း သိရှိရသည်။

ယခုနှစ်တွင် လာရောက်အပန်းဖြေသူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ အပန်းဖြေ နိုင်ရေးနှင့် ပြင်ဦးလွင်၏ သဘာဝ အလှအပ ရှုခင်းများကို ပွဲကောက်ရေတံခွန် အပန်းဖြေ စခန်း အတွင်း ကြည့်ရှုခံစား အပန်းဖြေနိုင်ရေးအတွက် သဘာဝရေတံခွန်များအပြင် ပန်းအလှဆင်ပညာရှင်များက ဒေသ ပန်းမျိုးရင်းများ၊ ပန်းမျိုးစိတ်များဖြင့် တီထွင် ဖန်တီးထားသည့် ပန်းအလှဆင် ပြကွက်များဖြစ်သော BE.FALLS logo နှင့် 3D ရုပ်လုံးကြွ ကနုတ် ပြကွက်များ ၊ မိသားစု နှင်းဆီ ပြကွက်၊ ဝင်္ကဘာပန်းခင်း ပြကွက်၊ UFO ပြကွက်၊  အသည်းနှစ်ထပ်ပန်းခင်း ပြကွက်၊ ပန်းစကြ်ာပုံစံ ပြကွက်၊  ရေလှိုင်းပုံစံ ပန်းလျှောက်လမ်း ပြကွက် အပြင် ပန်းများဖြင့် အလှဆင်ထားသော စက်ဘီး၊ ပန်းလှည်း များ၊ အသည်းပုံ Photo Booth ပန်းခုံးများ၊ လိပ်ပြာပုံများ စသည်တို့ဖြင့် အလှဆင် ထားသည့် BE.FALLS ၏ ပန်းပွဲတော် ကိုလည်း စီစဉ်ပြုလုပ်ထားရှိကြောင်း သိရသည်။

ယခုအခါ နှစ်သစ်ကူးရုံးပိတ်ရက်ကာလ ဖြစ်သည့်အားလျှော်စွာ ပြင်ဦးလွင် ဒေသခံ ပြည်သူများ သာမက ပြည်တွင်းပြည်ပ အနယ်နယ်အရပ်ရပ်မှ ခရီးသွား ဧည့်သည်များ အနေဖြင့် မိသားစုအလိုက်သော်လည်းကောင်း၊ အသင်းအဖွဲ့အလိုက် သော်လည်းကောင်း ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE.FALLS)သို့ အေးချမ်း ပျော်ရွှင်စွာ လာရောက် လည်ပတ် အပန်းဖြေအနားယူလျက်ရှိရာ ပန်းပွဲတော် ကာလအတွင်း ရုံးပိတ်ရက်များတွင် နေ့စဉ်လူဦးရေ တစ်သောင်းကျော်ခန့် လာရောက် လည်ပတ်လျက်ရှိပြီး အပန်းဖြေစခန်း အတွင်းရှိ သဘာဝရေတံခွန် အလှအပများ၊ BE.FALLS ပန်းပွဲတော်ဧရိယာအတွင်း စိုက်ပျိုးထားရှိသော ပန်းအလှများနှင့်  အမှတ်တရ အလှဓာတ်ပုံ ရိုက်ကူးခြင်း၊  အပန်းဖြေ ခြင်းများ၊ Sky Cable Car စီးနင်းခြင်း၊ LED မှန်တံတား ဖြတ်သန်းခြင်း၊ တောတွင်း လျှောက်လမ်း နှင့် Floating Jigsaw ဖြတ်သန်းခြင်း၊ ဒိုင်နိုဆောဥယျာဉ် (DINOSAUR KINGDOM) အတွင်း  ကြည့်ရှုခြင်း၊ ဆင်လိမ္မာလေးများ၏ ဖျော်ဖြေမှုအား ကြည့်ရှုခြင်း များအပြင် BE.FALLS Music Band နှင့် Unplugged တေးသီချင်း သီဆိုခြင်းများ ဖြင့် စည်ကား များပြားလျက် ရှိကြောင်း သိရသည်။

ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE.FALLS)အား နိုင်ငံတကာအဆင့်မီ အပန်းဖြေ စခန်းများကဲ့သို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *