ylliX - Online Advertising Network

ထိုင်းမှာ ခရီးသွား ဘတ်စ်ကားတစ်စီး ယာဉ်တို-က်မှုဖြစ်၍ ငါးဦး ‌ေ-သဆုံး


ထိုင်းနိုင်ငံ ယာလာပြည်နယ်မှ ဆမွတ်ဆခွန်သို့ ထွက်ခွာလာသည့် စင်းလုံးငှားဘတ်စ်ကားတစ်စီးသည် ဇန်နဝါရီ ၁ ရက်က ဆူရတ်ဌာနီပြည်နယ် ချိုင်ယာခရိုင်တွင် လမ်းဘေးသစ်ပင်တစ်ပင်ကို ဝင်တို-က်မိခဲ့သောကြောင့် ခရီးသည် ငါးဦး ‌ေ-သဆုံးကာ ၃၀ ဦး ဒဏ်ရာရခဲ့သည်။

ချိုင်ယာခရိုင် ပါဝီမြို့ရှိ ပါဝီလမ်းဆုံအနီး အမှတ် ၄၁ အဝေးပြေးလမ်းပေါ်တွင် ည ၇း၄၁ နာရီကာ ယာဉ်တို-က်မှုဖြစ်ခဲ့ခြင်းဟု ဆိုသည်။

ယာဉ်မောင်းသည် လမ်းမကျွမ်းကျင်သူဖြစ်နိုင်သည်ဟု ရဲက ယူဆပြီး Dee Mee Prom ဘတ်စ်ကားမှာ လမ်းကွေ့အရောက် မထိန်းနိုင်ခဲ့သဖြင့် တိမ်းမှေ-ာက်သွားကာ သစ်ပင်ကို ဝင်တို-က်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဘတ်စ်ကားပေါ်တွင် ခရီးသည်အပြည့်ပါဝင်လာခဲ့ပြီး နှစ်သစ်ကူး အားလပ်ရက် ၅ ရက်၏ နောက်ဆုံးနေ့အတွက် ယာလာပြည်နယ် Betong ခရိုင်ခရီးစဉ်ပြီးဆုံး၍ ဆမွတ်ဆခွန်သို့ ပြန်လာကြခြင်းဖြစ်သည်။

ကယ်ဆယ်ရေးသမားများသည် ဘတ်စ်ကားအတွင်း ပိတ်မိနေခဲ့သည့် ဒဏ်ရာရခရီးသည်များကို ရှာဖွေကယ်ထုတ်ပေးခဲ့ကြသည်။ အသက်ရှင်လွတ်မြောက်ခဲ့သူ ၁၈ ဦးကို Tha Chang ဆေးရုံသို့ တင်ပေးခဲ့ကာ နောက်ထပ် ၁၂ ဦးကို ချိုင်ယာဆေးရုံသို့ တင်ပေးခဲ့သည်။

‌ေ-သဆုံးခဲ့သည့် အမျိုးသားအ-လောင်း နှစ်လော-င်းနှင့် အမျိုးသမီးအလေ-ာင်း သုံးလောင်+းကိုလည်း ဘတ်စ်ကားအတွင်းမှ ထုတ်ယူခဲ့ရသည်။

ဘတ်စ်ကားဒရိုင်ဘာနှင့် ယာဉ်အကူဖြစ်သူတို့ကို ချိုယာရဲစခန်းသို့ ခေါ်ဆောင်သွားကာ လူ‌ေ-သဆုံး ထိခိုက်မှုများဖြစ်စေခဲ့သော နမော်နမဲ့ ယာဉ်မောင်းနှင်မှုဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

Ref: သည်စထရိတ်တိုင်းမ်စ်



Source link

Leave a Reply

Your email address will not be published. Required fields are marked *