ylliX - Online Advertising Network
Loading

အပြည်ပြည်ဆိုင်ရာဖိတ်ခေါ် စနူကာချန်ပီယံရှစ်ပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအားကစားအဖွဲ့ ပြန်လည်ရောက်ရှိ


Loading

အပြည်ပြည်ဆိုင်ရာဖိတ်ခေါ် စနူကာချန်ပီယံရှစ်ပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအားကစားအဖွဲ့ ပြန်လည်ရောက်ရှိ

ရန်ကုန် ၊ ဒီဇင်ဘာ ၃၀ ရက်

မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့တွင် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာဖိတ်ခေါ် စနူကာချန်ပီယံရှစ် Malaysia International Open Snooker Championship 2024 ပြိုင်ပွဲတွင် မြန်မာစနူကာအသင်း ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ရာ ပြိုင်ဘက် နာမည်ကြီးကစားသမားများကို အနိုင်ရရှိပြီး မြန်မာအားကစားသမား ဝင်းကိုကို နှင့် နေမင်းထွန်းတို့က (၃၂)ယောက် အဆင့်သို့ရောက်ရှိခဲ့၍လည်းကောင်း ၊ သက်မင်းလင်း နှင့် သန်း‌ဇော်ထွန်းတို့က (၁၆)ယောက်အဆင့်သို့ အသီးသီးရောက်ရှိခဲ့ကြသည်။

ယင်းပြိုင်ပွဲတွင် အိမ်ရှင်နိုင်ငံအဖြစ် မလေးရှား ၊ အင်ဒိုနီးရှား ၊ စင်္ကာပူ ၊ အင်္ဂလန် ၊ အီရန် ၊ မြန်မာ ၊ ပါကစ္စတန် ၊ အိန္ဒိယ ၊ ထိုင်း ၊ တောင်ကိုရီးယား စုစုပေါင်း (၁၀)နိုင်ငံ ပါဝင်၍ အားကစားသမားပေါင်း (၂၀၀) ကျော်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲအပြီးတွင် မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးဇင်မင်းဦး နှင့် အားကစားသမား ၄ ဦးတို့သည် ယနေ့ နေ့လည် ၂နာရီ ၃၀မိနစ်အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *