၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး၊ လွန်ဆွဲ၊ ဘော်လီဘော နှင့်ဘောလုံးအုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာ ၂၉
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး)၊ ဘောလုံး (အမျိုးသား)နှင့် ထုပ်ဆီးတိုး(အမျိုးသမီး) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ နံနက်ပိုင်းမှ စတင်၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိကွင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၊ ပေါင်းလောင်းနှင့် ရွှေကြာပင် အားကစားကွင်းတို့၌ ကျင်းပခဲ့သည်။
၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်တွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီအသင်းက နိုင်ငံခြားရေး ဝန်ကြီးဌာနအသင်းကို ရမှတ် (၆၀)မှတ် (၂)မှတ်ဖြင့်လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း က ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို ရမှတ်(၆၀)မှတ် ရမှတ်မရှိဖြင့်လည်းကောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနအသင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူအင်အားဝန်ကြီးဌာနအသင်းကို ရမှတ် (၃၃)မှတ် (၄)မှတ်ဖြင့်လည်းကောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို ရမှတ် (၂၁)မှတ် (၁၂)မှတ်ဖြင့်လည်းကောင်း၊ အလုပ်သမား ဝန်ကြီးဌာနအသင်းက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအသင်းကို ရမှတ် (၂၈)မှတ် (၁၅)မှတ်ဖြင့် လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
ဆက်လက်ပြီး ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသမီး) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်တွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ် ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်း ကို (၃)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ ဘော်လီဘော(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့် လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို (၃)ပွဲ (၂)ပွဲဖြင့်လည်းကောင်း၊ ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး(အမျိုးသား)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ် တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို (၁)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်(၂)ဂိုးစီ သရေရလဒ်တို့ အသီးသီး ရရှိခဲ့သည်။
အဆိုပါပြိုင်ပွဲများသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ အားကစားဝါသနာရှင်များလာရောက်ကြည့်ရှုအားပေးခဲ့သည်။
၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံအားကစား ပြိုင်ပွဲများအဖြစ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး (အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲအား တစ်ရက်နားမည်ဖြစ်ပြီး နံနက် ၇ နာရီမှစတင်၍ လေ့ကျင့်ရေးကွင်း အမှတ်(၁)၊(၂)နှင့်(၃)တို့တွင် ထုပ်ဆီးတိုး(အမျိုးသမီး)၊ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ၊ နံနက် ၁၁ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများ အနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။