Image: Samsung |
နည်းပညာလောကဟာ လာမယ့် CES 2025 ပွဲအတွက် ပြင်ဆင်နေချိန်မှာပဲ Samsung Electronics က မျက်မှန်မလိုတဲ့ 3D display ကနေစပြီး AI လည်းပါဝင်ကာ Feature စုံလင်တဲ့ Smart Monitor အသစ်တွေကို ကြေညာလိုက်ပါတယ်။
Odyssey 3D G90XF ဆိုတာက အထူးဖန်တီးထားတဲ့ မျက်မှန်တပ်စရာမလိုတဲ့ 3D Monitor ပါ။ ပုံမှန် 3D Display တွေလိုမျက်မှန်တပ်ရမယ့်အစား ဒီ ၂၇ လက်မ၊ 4K display ရဲ့ ရှေ့ panel မှာ lenticular lens တွေ တပ်ဆင်ထားပြီး မျက်လုံးကို ခြေရာခံတဲ့ eye-tracking နဲ့ view mapping နည်းပညာတွေနဲ့ ပေါင်းစပ်ပြီး 3D အတွေ့အကြုံကို ဖန်တီးပေးမှာဖြစ်ပါတယ်။
Odyssey 3D မှာ AI စွမ်းရည်တွေလည်း ပါဝင်ပြီး သာမန် 2D content တွေကို 3D အဖြစ် အချိန်နဲ့ တပြေးညီ ပြောင်းပေးနိုင်ပါတယ်။ အရင် 3D display နည်းပညာတွေရဲ့ အခက်အခဲတစ်ခုဖြစ်တဲ့ 3D content ရှားပါးမှုကို ကျော်လွှားနိုင်မယ့်ပုံပေါ်ပါတယ်။ ယခင်အချိန်တုန်းကဆို 3D display တွေဟာ 3D content တွေမရှိတာကြောင့် လူကြိုက်နည်းပြီး အသုံးမဝင်ခဲ့ပါဘူး။ သာမန် 2D content တွေကို ပြောင်းပေးနိုင်ခြင်းအားဖြင့် Odyssey 3D က ကြည့်ရှုနိုင်တဲ့ 3D content တွေကို တိုးချဲ့ပေးလိုက်နိုင်တာကြောင့် အသုံးပြုလိုသူတွေအတွက် ပိုပြီး ဆွဲဆောင်မှုရှိလာနိုင်ပါတယ်။
Image: Samsung |
ဂိမ်းဝါသနာအိုးတွေအတွက်ဆိုရင် Samsung က Refresh Rate အမြင့်ဆုံးကို ရောက်အောင် တီထွင်ထားတဲ့ Odyssey G series Monitor အသစ် ၂ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ Odyssey OLED G6 ကဆိုရင် 1440p resolution မှာတောင် refresh rate 500Hz အထိ ရရှိနိုင်တဲ့ ကမ္ဘာ့ပထမဆုံး OLED panel လို့ ဆိုပါတယ်။
Image: Samsung |
နောက်မော်နီတာတစ်ခုဖြစ်တဲ့ Odyssey OLED G8 ကတော့ ၂၇ လက်မ၊ 4K OLED panel နဲ့ 240Hz refresh rate ရှိပါတယ်။
မော်နီတာ၂ခုစလုံးမှာ 0.03ms အထိ တုံ့ပြန်မှုမြန်ဆန်တဲ့ response time အပြင် AMD FreeSync Premium Pro နဲ့ Nvidia G-Sync compatible နည်းပညာတွေကို အထောက်အပံ့ပေးထားပြီး HDR 400 True Black အသိအမှတ်ပြု လက်မှတ်လည်း ရရှိထားပါတယ်။
Image: Samsung |
Samsung က AI အားဖြည့်ထားတဲ့ display တွေမှာလည်း တိုးတက်မှုတွေ ပြုလုပ်ထားပြီး Smart Monitor M9 ကို မိတ်ဆက်ပေးလိုက်ပါတယ်။ ၃၂ လက်မ၊ 4K OLED Monitor ဖြစ်ပြီး content အမျိုးအစားအလိုက် ကြည့်ရှုမှုအတွေ့အကြုံကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်ပေးမယ့် “နယ်ပယ်အတွင်း ပထမဆုံး” AI feature တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
M9 ရဲ့ AI Picture Optimizer က input signal တွေကို ခွဲခြမ်းစိတ်ဖြာပြီး ဘယ်လို content အမျိုးအစားလဲဆိုတာ ဆုံးဖြတ်ပေးကာ ကြည့်ရှုမှု အကောင်းဆုံးဖြစ်အောင် setting တွေကို အလိုအလျောက် ချိန်ညှိပေးပါတယ်။ ဂိမ်းကစားသူတွေအတွက်ဆိုရင် ဂိမ်းအမျိုးအစားအလိုက် ရုပ်ထွက် setting တွေကို အလိုက်သင့် ချိန်ညှိပေးမှာဖြစ်ပါတယ်။
ဒါ့အပြင် 4K AI Upscaling Pro feature က neural network တွေကို အသုံးပြုပြီး resolution နိမ့်တဲ့ content တွေကို 4K နီးပါး အရည်အသွေးအထိ မြှင့်တင်ပေးနိုင်ပါတယ်။
Image: Samsung |
ပရော်ဖက်ရှင်နယ်တွေနဲ့ အကြောင်းအရာဖန်တီးသူတွေအတွက်ဆိုရင် Samsung က ViewFinity S8 ကို ထုတ်ဖော်ပြသထားပါတယ်။ ၃၇ လက်မ၊ 16:9 4K Monitor ဖြစ်ပြီး သူ့ရဲ့ ရှေ့ဆက်မော်ဒယ်ထက် ၃၄% လောက် ပိုကြီးတဲ့ မျက်နှာပြင်နဲ့ သူ့အတန်းအစားထဲမှာ အကြီးဆုံး မျက်နှာပြင်ကို ပေးစွမ်းနိုင်ပါတယ်။ 99% sRGB color accuracy ရှိ ပြီး သူ့ရဲ့ ergonomic ဒီဇိုင်းအတွက် TÜV Rheinland ရဲ့ အသိအမှတ်ပြု လက်မှတ်ကိုလည်း ရရှိထားပါတယ်။
Source: TechSpot