ဘုတ်ပြင်းမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ ကျင်းပ
ဘုတ်ပြင်း ဇန်နဝါရီ ၅
တနင်္သာရီတိုင်းဒေသကြီးဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများကို ဇန်နဝါရီလ၄ ရက်က မြို့မအားကစားကွင်း၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး(အကြီးတန်း၊ အလတ်တန်း၊အငယ်တန်း) မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ အာလူးကောက်၊ ဖယောင်းတိုင်မီးထွန်း၊စာအုပ်ရွက်၊ ဂုန်နီအိတ်စွပ်၊ သုံးချောင်းထောက်၊ အပ်ထိုး၊ ဂိုးကျဉ်းသွင်း၊ ခေါင်းအုံးရိုက်၊ ချောတိုင်တက် စသည့်အားကစားနည်းများကို အားကစားဝါသနာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ဆက်လက်၍ ပြိုင်ပွဲအသီးသီးအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့်ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲကျင်းပရေးကော်မတီဝင်များက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။