-ဇန်နဝါရီလ ၅ ရက်နေ့ ၁၈၀၀ နာရီတွင် ကွန်ဟိန်းမြို့၊ ရပ်ကွက်(၂)၊ မြို့မဈေးလမ်းနေ ဦးစိုင်းဆိုင်ရ (၅၄)နှစ်၊ နန်းငင်းအိမ် ကုန်စုံဆိုင်လုပ်ကိုင်သူသည် ဆိုင်အတွင်း၌ ဈေးရောင်းနေစဉ် ဆိုင်ရှေ့သို့ ယာဉ်အမှတ်(စိစစ်ဆဲ) Crown အဖြူရောင်ယာဉ် တစ်စီး ရောက်ရှိလာခဲ့ပြီး ယာဉ်ပေါ်မှ Mask အဖြူရောင်ကိုယ်စီ ဝတ်ဆင်ထားသည့် ကျား ၄ ဦးသည် ပစ္စတိုသေနတ်ကိုယ်စီကိုင်ဆောင်၍ ဆိုင်အတွင်းသို့ ဝင်ရောက်ကာ ဆိုင်ရှင်ဖြစ်သူ ဦးစိုင်းဆိုင်ရ၏ လက်နှစ်ဖက်အား ပလပ်စတစ်ဖိုက်ဘာကြိုးဖြင့် တုပ်၍ ဈေးရောင်းကောင်တာအံဆွဲအတွင်းမှ ငွေကျပ် ၅ သိန်းအား ယူဆောင်၍ ဦးစိုင်းဆိုင်ရအား သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ဆိုင်ရှိ CCTV မှတ်တမ်းအား ယူဆောင်ပြီး ပြည်ထောင်စုလမ်းမကြီးဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း၊ ဖြစ်စဉ်တွင် ဦးစိုင်းဆိုင်ရသည် ဝဲနားရွက် နောက်မှ ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။
-ဇန်နဝါရီလ ၅ ရက်နေ့ ၁၈၁၀ နာရီတွင် ရန်ကုန်မြို့မှ သံဖြူဇရပ်မြို့ဘက်သို့ ယာဉ်မောင်း စည်သူ မောင်းနှင်ပြီး ယာဉ်နောက် မြတ်သူ လိုက်ပါလာသည့် ယာဉ်အမှတ်၊ 2R-4172 မန္တလာမင်း ခရီးသည်တင်မှန်လုံယာဉ်သည် ခရီးသည် ၈ ဦး တင်ဆောင်၍ ထွက်ခွာလာခဲ့ရာ မုဒုံမြို့နယ်၊ ရောင်းဒေါင်းကျေးရွာလမ်းဝသို့ ရောက်ရှိစဉ် PDF အကြမ်းဖက်အဖွဲ့မှ ၄ ဦးခန့်သည် ယာဉ်အား ရပ်တန့်စေခိုင်းပြီး ယာဉ်ပေါ်ပါ ခရီးသည် ၈ ဦးအား ဆင်းခိုင်းကာ ယာဉ်မောင်း စည်သူနှင့်အတူ ယာဉ်နောက်လိုက်၊ ယာဉ်တို့အား မုဒုံမြို့နယ်၊ ကွမ်လှာကျေးရွာသုဿန်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရ။
-ဇန်နဝါရီလ ၅ ရက်နေ့၀၃၀၀ နာရီတွင် မြိတ်မြို့နယ်၊ တောင်ပုကျေးရွာနေ ဦးကျော်ဒင်(၇၀)နှစ်သည် နေအိမ်၌ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့မှ ကျား ၃ ဦးသည် ဆိုင်ကယ် ၁ စီးဖြင့်ရောက်ရှိလာပြီး ဦးကျော်ဒင်အား ခေါ်ယူကာ ပါးစပ်အတွင်းသေနတ်ပြောင်းထည့်၍ ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ဦးကျော်ဒင်သည် ဦးခေါင်းပွင့်ထွက် ဒဏ်ရာဖြင့် နေရာတွင် သေဆုံး သွားခဲ့ကြောင်း သိရှိရ။
-ဇန်နဝါရီလ ၅ ရက်နေ့ ၁၃၀၀ နာရီတွင် ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းသာယာရပ်ကွက်တွင်နေထိုင်သော ဦးစိန်သန်း (၅၉)နှစ်သည် ပုသိမ်ကြီးမြို့တွင်းသို့ ဈေးဝယ်ရန် နေအိမ်မှ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် မြင်စိုင်းလမ်းမအရောက်၌ PDF အကြမ်းဖက် ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် နောက်မှလိုက်ပါလာကာ ပစ္စတိုဖြင့် ပစ်ခတ်ခဲ့ပြီး ဓားဖြင့်ထိုး၍ ထွက်ပြေးသွားခဲ့ရာ ဦးစိန်သန်းတွင် ဝဲပါးကျည်ဖောက်ဝင်၊ ဝမ်းဗိုက်၊ ရင်အုံ၊ လည်ပင်း ထိုးသွင်းဒဏ်ရာတို့ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။