ylliX - Online Advertising Network

ဒေသခံ ၅ဦး သေဆုံးခဲ့ရတဲ့ ကနီ ကျောက်လှေကားရွာကို စစ်ကောင်စီ ဗုံးထပ်လာကြဲ

စစ်ကောင်စီဗုံးကြဲလို့ ကလေးငယ်တွေအပါအဝင် ဒေသခံ ၅ ဦး သေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကျောက်လှေကားကျေးရွာကို စစ်တပ်ဘက်က လေကြောင်းကနေ ဒုတိယအကြိမ်ထပ်ပြီး ဗုံးကြဲတိုက်ခိုက်လို့ ကျေးရွာထဲက နေအိမ် ၁၀ လုံးကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။ Source link

နှစ်သစ်ကူးပွဲ ခြိမ့်ခြိမ့်သဲ ကျင်းပရေး စစ်ရှုံး စစ်ကောင်စီ ပြင်ဆင်

နိုင်ငံတဝှမ်း အရှုံးဖြင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီက နှစ်သစ်ကူးပွဲတော် ခြိမ့်ခြိမ့်သဲ စည်ကား သိုက်မြိုက်စွာ ကျင်းပရေး ပြည်နယ်နှင့်တိုင်း အလိုက် စီစဉ်ရန် ညွှန်ကြားထားကြောင်း သတင်းရင်းမြစ်က ယနေ့ (ဒီဇင်ဘာလ ၁၉ ရက်) တွင် ပြောသည်။ လက်ရှိ ရခိုင်ပြည်နယ်တွင် အရှုံးကြီး ရှုံးနေပြီး တိုင်းစစ်ဌာနချုပ် (အမ်း) ကျဆုံးရန် နီးကပ်နေစဥ် နေပြည်တော်နှင့် ရန်ကုန် အပါအဝင် နိုင်ငံတဝှမ်း စစ်ကောင်စီ ထိမ်းချုပ်ထားဆဲ မြို့ကြီးများတွင် နှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီစဉ် ဆောင်ရွက်ရန် ညွှန်ကြားထားသည်ဟု ၎င်းက ဆိုသည်။ “နေပြည်တော်၊ ရန်ကုန်၊ တောင်ကြီး အဲလို မြို့ကြီးတွေမှာ ဒီဇင်ဘာလ ၂၉ ရက်နေ့ကနေ ၃၁ ရက် နှစ်သစ်ကူးည အထိ […]

ရှမ်း-ကယားနယ်စပ် ကျေးရွာတွေဘက် စစ်ကောင်စီ လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်

ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်အရှေ့ပိုင်းနဲ့ မိုးဗြဲမြို့ဘက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေလို့ စစ်ဘေး ရှောင်ပြည်သူတွေနဲ့ ဒေသခံရွာသူရွာသားတွေ စိုးရိမ်ကြောက်လန့်နေကြတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။ အခုလို လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်နေတာကြောင့် ကျေးရွာ ၃ရွာထက် မနည်းက ပြည်သူ ရာနဲ့ချီ ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြရပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။ ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်အရှေ့ပိုင်းနဲ့ မိုးဗြဲမြို့ က အရပ်သားပြည်သူ နေထိုင်တဲ့ဘက်ကို အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က နေ့စဉ်ဆိုသလို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ခုလို ပြောပါတယ်။ “ဒီရက်ပိုင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ မိုးဗြဲဆည်ရဲ့ အရှေ့ဖက်ကမ်း၊ ဖယ်ခုံမြို့နယ်အရှေ့ဘက်ကမ်း ကျေးရွာဖက်ကို စစ်ကောင်စီဖက်က လက်နက်ကြီးတွေနဲ့ […]

ရလဒ် ထူးထူးခြားခြား မရခဲ့တဲ့ တရုတ်နိုင်ငံက MNDAA နဲ့ စစ်ကောင်စီ ဆွေးနွေးပွဲ

မိုးမခ၊ ဒီဇင်ဘာ ၁၈၊ ၂၀၂၄ ရလဒ် ထူးထူးခြားခြား မရခဲ့တဲ့ တရုတ်နိုင်ငံက MNDAA နဲ့ စစ်ကောင်စီ ဆွေးနွေးပွဲ  မကြာသေးခင် သီတင်းပတ်က KIO ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကြီးအင်ဘန်လ ကို တရုတ်နိုင်ငံက ယူနန်ပြည်နယ်ကို ဖိတ်ကြားခဲ့တဲ့ ခရီးစဥ်ပြီး မကြာခင်မှာ MNDAA အဖွဲ့ခေါင်းဆောင်ရဲ့ သားဖြစ်သူအပါအဝင် MNDAA ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီဘက်က ကစထမှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးခေါင်းဆောင်တဲ့ အပစ်ရပ်ရေး အပါအဝင် နှစ်ဖက်ဆွေးနွေးမှုကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲမှာ ဒီဇင်ဘာ ၁၅နဲ့ ၁၆ ရက်တွေမှာ ကျင်းပခဲ့ပါတယ်။  KIO ကို စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ ဖိအားပေးတိုက်တွန်းတဲ့အနေအထားထက် တရုတ်နိုင်ငံက ပါတီ ဗဟိုကော်မတီဝင် တဦးပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ဧည့်သည်အဖြစ် ဖိတ်ကြားဆွေးနွေးတဲ့ အနေအထားမျိုး […]

ရခိုင်မှာ စစ်ကောင်စီ အနာဂတ်မလှတော့ဘူး (ဆောင်းပါး) – BUR.MIZZIMA.COM

အမျိုးသားညီညွတ်ရေး အစိုးရ • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တောင်ပိုင်းစစ်ဒေသနယ်မြေတွင် တပတ် အတွင်း စစ်ကောင်စီတပ်စခန်းနှင့် စစ်ကြောင်းများ တိုက်ခိုက်မှု အကြိမ် ၄၀ကျော်ပြုလုပ်ခဲ့ဟု အဆိုပါဒေသက အသိပေးသည်။ • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာက၊ တောင်ပိုင်းစစ်ဒေသ၊… Source link

မကွေးတိုင်း ကမ္မမြို့အနီး နေအိမ်တချို့ စစ်ကောင်စီ မီးရှို့ဖျက်ဆီး

မကွေးတိုင်း ကမ္မမြို့အနီးက ရေလာလေး ပျူစောထီးကျေးရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အနီးအနားကျေးရွာက နေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ Source link

မိုးဗြဲမြို့ စစ်ကောင်စီ ဒရုန်းများတွင် အဆိပ်ငွေ့ပြားများအသုံးပြုတိုက်ခိုက် – သျှမ်းသံတော်ဆင့်

သျှမ်းပြည် မိုးဗြဲမြို့တွင် စစ်ကောင်စီ၏ ဒရုန်းဗုံးများတွင် အဆိပ်ငွေ့ပြားများကို ထည့်ပြီဂ အသုံးပြုတိုက်ခိုက်နေကြောင်း ကရင်နီအမျိုးသား ကားကွယ်ရေးတပ် (KNDF) မှ ယနေ့ (ဒီဇင်ဘာလ ၁၃ ရက်)တွင်ထုတ်ပြန်ခဲ့သည်။ သျှမ်းပြည် မိုးဗြဲမြို့တွင် အခြေစိုက် ထားသည့် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း- ခမရ (၄၂၂) တပ်သည် ပြီးခဲ့သည့် (ဒီဇင်ဘာလ ၇)၊နှင့် (ဒီဇင်ဘာ ၈ ) ရက်တွင် မိုးဗြဲမြို့နှင့်ပတ်ဝန်းကျင် အနီးတစ်ဝိုက်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် S – PHOS (အက်စ်ဖော့စ်) တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားများကို ထည့်သွင်းအသုံးပြုခဲ့ကြောင်း စစ်ရေးနှင့် နီးစပ်သူအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ဟုတ်ပါတယ်သူတို့က ဒရုန်းတွေမှာတပ်ပြီး သုံးတာပါ။ စစ်ကောင်စီတွေက သူတို့ စစ်ရှုံးလာတာနဲ့ အမျှ ဒီလို အဆိပ်ငွေ့တွေကို […]

မိုင်းတုံမြို့ရှိ NLD ပါတီရုံးကို စစ်ကောင်စီ မြို့နယ်ထွေအုပ်ရုံး လာရောက်ချိတ်ပိတ်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့ ထုံးဘိုရပ်ကွက်ရှိ NLD ပါတီရုံးကို စစ်ကောင်စီလက်အောက်ခံ မြို့နယ် ထွေအုပ်ရုံးက လာရောက်ချိတ်ပိတ်သွား သည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) နံနက်ပိုင်းအချိန်တွင် မိုင်းတုံမြို့ ထုံးဘိုရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ရုံးကို စစ်ကောင်စီ၏ အမိန့်ကြောင့် မြို့နယ်ထွေအုပ်ရုံးက ၎င်းရုံးကို လာရောက်ချိတ်ပိတ်လိုက်သည်ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ အဆိုပါ မိုင်းတုံမြို့သို့ ပြီးခဲ့သည့် (ဒီဇင်ဘာလ ၁၀ ရက်) တွင် ကျိုင်းတုံမြို့အခြေစိုက် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တသခ တိုင်းမှူးက လာရောက်စစ်ဆေးခဲ့ကာ မြို့ပေါ်ရှိ NLD ပါတီ ရုံးခန်းကိုလည်း ချိတ်ပိတ်ခိုင်းလိုက်ပြီး တိုင်းမှူးမှာ နားကောင်းမူးဒေသဘက်ကို ဆက်လက်သွားရောက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ မိုင်းတုံ NLD […]

တောင်ကြီး လူငယ်ရှိ အိမ်တိုင်း စစ်ကောင်စီ ငွေ (၁)သိန်းကောက်

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ တွင် အသက် ၁၈ နှစ်မှအသက် ၃၅ နှစ်ကြား လူငယ်ရှိသည့် နေအိမ်ကို စစ်ကောင်စီမှ ကျပ်ငွေ တစ်သိန်း ကောက်ခံနေသည်ဟု မြို့ခံများထံ စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလမှ စပြီး စဝ်စံထွန်း ရပ်ကွက်၊ ရတနာသီရိ ရပ်ကွက်၊ ချမ်းမြ၊ ရွှေတောင်၊ ကံသာ၊ ညောင်ဖြူစခမ်း၊ဘုရားဖြူ ၊ ကျောင်းကြီးစု နှင့် ကံကြီးရပ်ကွက် စသည်တို့တွင် စစ်ကောင်စီ သတ်မှတ်ထားသည့် အသက်ရွယ်ရှိသည့် နေအိမ်များကို တစ်လလျှင် ကျပ်ငွေ တစ်သိန်းကောက်ခံ နေသည်ဟု မြို့ခံများထံမှ သိရသည်။ ထို့အပြင် တောင်ကြီးမြို့ လမ်းမတော်ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့ပေါင်းကာ ကျပ်ငွေ(၂သိန်း) ကောက်ခံနေ သောကြောင့် ထွေထွေအုပ်ချုပ်ရေးမှူးထံ တိုင်ကြားထားသော်လည်း အရေးယူဆောင်ရွက်မှု လုပ်ဆောင်မှု မရှိကြောင်း […]

မုံရွာမြို့ နမခ မှ ရိက္ခာပို့ဆောင်ရန် ထွက်လာသည့် စစ်ရေယာဉ် ၂ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး – Khit Thit Media

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ရိက္ခာပို့ဆောင်ရန် ထွက်လာသည့် စစ်ရေယာဉ် ၂ စီးကို ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Nga Moe Yeik Column တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် စစ်ရေယာဉ် ၂ စီးဖြင့် အုန်းပင်ဆိပ်ကမ်းမှ ကံကြီးကုန်း ပျူစောထီးရွာနှင့် အမြင့်ရဲစခန်းကို ချင်းတွင်းမြစ်ကြောင်းအတိုင်း ရိက္ခာပို့ရန် ထွက်လာစဉ် Nga Moe Yeik Column တပ်ဖွဲ့မှ […]