ylliX - Online Advertising Network

ပုပ္ပါးတောင်မကြီးပေါ်ရှိ စစ်တပ် ဆက်သွယ်ရေးစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး အရှင်ဖမ်းဆီးရမိသော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် ၂ ဦးလုံးသေဆုံး၊ သေနတ် ၂ လက် သိမ်းဆည်းရရှိ – Khit Thit Media

ပုပ္ပါးတောင်မကြီးပေါ်ရှိ စစ်တပ် ဆက်သွယ်ရေးစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး အရှင်ဖမ်းဆီးရမိသော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် ၂ ဦးလုံးသေဆုံး၊ သေနတ် ၂ လက် သိမ်းဆည်းရရှိ ရန်ကုန်၊ ဒီဇင်ဘာ ၂၈ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်မကြီးပေါ်ရှိ အကြမ်းဖက် စစ်တပ် ဆက်သွယ်ရေးစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦး အရှင်ဖမ်းဆီးရမိသော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် ၂ ဦးလုံးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ပုပ္ပားပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်ဗျတ္တက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၇ ရက်နေ့ ည ၆ နာရီခန့်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်မကြီးပေါ်ရှိ […]

 သဘာ၀ဓာတ်ငွေ့ သိုလှောင်ဆိပ်ကမ်းဆောက်ရန် တရုတ်ကို စစ်ကောင်စီ ချဉ်းကပ်

Gas Terminal  ဟု ခေါ်သည့် ဓာတ်ငွေ့ သိုလှောင်၊ ပြုပြင်၊ ဖြန့်ဖြူးမည့်နေရာတစ်ခု ပူးပေါင်းတည်ဆောက်ရန် စစ်ကောင်စီက နေပြည်တော်၊ ရခိုင်ပြည်နယ်တို့တွင် လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်ကုမ္ပဏီတစ်ခုကို ချဉ်းကပ်နေသည်။ တည်ဆောက်ရန်အတွက် တရုတ်အစိုးရ၏ အရှေ့တောင်အာရှ သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ (South-East Asia Crude Oil Pipeline/Gas Pipeline) နှင့်  ဒီဇင်ဘာ ၂၃ ရက်တွင် ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီ နောက်တစ်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ မည့်သည့်နေရာတွင် တည်ဆောက်လိုကြောင်း သတင်းတွင် ဖော်ပြမထားပေ။   ထို LNG စီမံကိန်းသည် ရခိုင်ကမ်းလွန်မှ  မဟာသဘာ၀ဓာတ်ငွေ့ လုပ်ကွက်တွင် အကောင်အထည်ဖော်ရန်   စီစဉ်နေခြင်းဖြစ်သည်ဟု စွမ်းအင်ဝန်ကြီးဌာနနှင့် နီးစပ်သော Myanmar Now သတင်းရင်းမြစ်တစ်ဦးက ပြောသည်။  မဟာသဘာဝဓာတ်ငွေ့လုပ်ကွက်သည် တရုတ်နိုင်ငံသို့ […]

ဗန်းမော်ဒေသ တိုက်ပွဲဆက်ပြင်းထန်၊ မံစီတွင် စစ်ကောင်စီ တပ်ရင်းမှူးတစ်ဦး ပျောက်နေ – Myanmar Now

ကချင်ပြည်နယ်၊ ဗန်းမော်နှင့် မံစီမြို့နယ်များတွင်  တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး မံစီအခြေစိုက် ခြေမြန်တပ်ရင်းဌာနချုပ်တစ်ခု၏  တပ်ရင်းမှူးဖြစ်သူ စခန်းတွင် မရှိတော့ကြောင်း  ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပြောသည်။ နယ်မြေချင်းထိစပ်နေသည့် ထိုမြို့နယ်များရှိ အခြေစိုက် စစ်စခန်းများကို KIA က ထိုးစစ်ဆင်နေသည်မှာ ဒီဇင်ဘာလဆန်းပိုင်းကတည်းက ဖြစ်သည်။  မံစီတွင် အမှတ် (၃၁၉) ခြေမြန်တပ်ရင်းဌာနချုပ်စခန်း၏ အုပ်ချုပ်သူ စခန်းတွင် ရှိမနေကြောင်း KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။ “၃၁၉ တပ်ရင်းမှူးကတော့ (တပ်စခန်း) အပြင်ဘက် ရောက်သွားတယ်။ ဒါကတော့ သေချာတယ်။  သေတာလား၊ ရှင်တာလားတော့ ကျွန်တော်လည်း မသိဘူး။ ကျန်တာက ထူးတာမရှိဘူး” ဟု ၎င်းက ပြောသည်။  အခြားသတင်းအရင်းမြစ်တစ်ဦးကလည်း မံစီမြို့အခြေစိုက် တပ်ရင်းနှစ်ခုအနီး တိုက်ပွဲများ ဆက်လက်ဖြစ်နေသည်ဟု […]

မတ္တရာမှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် ကလေးငယ် ၂ဦးသေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ထန်းတောကုန်းရွာမှာ စစ်ကောင်စီတပ်က ပစ်လွှတ်လိုက်တဲ့လက်နက်ကြီးကြောင့် ကလေးငယ် ၂ဦးသေဆုံးပြီး ပြည်သူ ၃ဦးဒဏ်ရာရရှိသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်ပါတယ်။ဒီနေ့ ဒီဇင်ဘာလ (၂၆) ရက် ညနေ ၃နာရီ မိနစ် ၂၀ခန့်မှာ စစ်ကောင်စီတပ်က ပစ်လွှတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ မတ္တရာမြို့နယ် ၊ ထန်းတောကုန်းကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက် စစ်ကောင်စီရဲ့ မဆင်မခြင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် (၂) ဦး အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူ (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီဟာ စစ်ရှုံးလာတာနဲ့အမျှ ပြည်သူကို ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုများကို အကြိမ်ကြိမ် ကျူးလွန်နေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်များအကြား မတ္တရာမြို့နယ် ၊ သပိတ်ကျင်းမြို့နယ် နဲ့ နောင်ချိုမြို့နယ်တို့မှာ […]

ပင်းတယမြို့နယ်ရှိ ဘုန်းကြီးကျောင်းထဲ စစ်ကောင်စီ တပ်စွဲနေ – သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် မိုင်းလီ ကျေးရွာ ရှိ ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ် လာရောက်တပ်စွဲထားကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ပြီးခဲ့သည့် ( ဒီဇင်ဘာလ ပထမ ပတ်) ကတည်းကစပြီး စစ်ကောင်စီ တပ် အင်အား (၁၀၀) ခန့် သည် ပင်းတယမြို့နယ် မိုင်းလီကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် တပ်လာရောက်စွဲပြီး ပြည်သူပိုင်ကားများကို အသုံးပြုကာ တပ်သားများကို ပို့ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။ ထို့အပြင် စစ်သားများသည် ကျေးရွာတွင်းရှိ ပြည်သူပိုင် ကြက်များကို အတင်းယူ၍ ချက်စားကြပြီး ရွာမှ ဘုန်းကြီးကျောင်းအတွက်လှူထားသည့် တစ်နှစ်စာ ဆန်များကို စစ်တပ်မှ စားသုံးနေကြသည်ဟု ဒေသခံ အမျိုးသာားတစ်ဦးက ပြောသည်။ “ ရွာက ဘုန်းကြီးကျောင်းမှာ စစ်သား (၁၀၀) လောက်ရှိမယ်ထင်တယ် ။တပ်စွဲနေတာ။ဘုန်းကြီးကျောင်းက […]

မြင်းခြံတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုများပြားပြီး အလောင်းများကို ကားဖြင့် တင်ဆောင်သွား၊ ရေစကြိုတွင်လည်း စစ်တပ် စစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ – Khit Thit Media

မြင်းခြံတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုများပြားပြီး အလောင်းများကို ကားဖြင့် တင်ဆောင်သွား၊ ရေစကြိုတွင်လည်း စစ်တပ် စစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ ရန်ကုန်၊ ဒီဇင်ဘာ ၂၂ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုများပြားပြီး အလောင်းများကို ကားဖြင့် တင်ဆောင်သွားကြောင်း Myingyan District Army-3 (Taungtha Youth) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် သီတာယုမွန် ဦးဆောင်သော ပျူစောထီး အင်အား ၂၅၀ ခန့်နှင့် […]

လဲချားမြို့နယ် စစ်ကောင်စီ ညမထွက်ရအမိန့်ထုတ်၊ ဒေသခံများ သွားလာရေး အခက်အခဲဖြစ်

သျှမ်းပြည် လဲချားမြို့နယ် စစ်ကောင်စီမှ ညမထွက်ရ အမိန့်ထုတ်ပြန်ပြီး စစ်ဆေးရေးဂိတ်များတွင် ည (၆) နာရီနောက်ပိုင်း ဖြတ်သန်းသွားလာခွင့်ကို တားမြစ်ကန့်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၉ ရက်) ညနေပိုင်းတွင် လဲချားမြို့ရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များမှ မြို့ပေါ် ရပ်ကွက်များတွင် ည (၆) နာရီမှ နံနက် (၆) နာရီအတွင်း ညမထွက်ရအမိန့်ကို လော်စပီကာများဖြင့် လိုက်လံဆော်ဩခဲ့ပြီး စစ်ဆေးရေးဂိတ်များတွင် ယင်းအချိန် ဖြတ်သန်းသွားလာသူများ ဖမ်းဆီးခံထားရမည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “ရပ်ကွက်လူကြီးတွေဆီ စာရောက်ပြီးမှ လိုက်အော်တာမျိုး ဖြစ်မှာ။ တောင်ယာသွားတဲ့လူတွေ ည ၆ နာရီ မကျော်ခင် ပြန်လာကြဖို့ ဆော်ဩတာ။ တချို့ရပ်ကွက်လည်း မနေ့ညနေက ပြောတယ်၊ တချို့ဘက်လည်း ဒီမနက်မှ ကြားတယ်။ စစ်ဆေးရေးဂိတ်တွေမှာ […]

တိုင်းစစ်ဌာနချုပ် နောက်တစ်ခုကို စစ်ကောင်စီ လက်လွှတ်ရ – Myanmar Now

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ယနေ့ (ဒီဇင်ဘာ ၂၀ ရက်) တွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီး ဒုတိုင်းမှူးအပါအဝင် စစ်ကောင်စီတပ်သားများကို လက်ရဖမ်း မိခဲ့သည်ဟု  AA က အတည်ပြုသည်။ “ ဒီနေ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် နေ့လယ် ၁၂ နာရီလောက်မှာ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တစ်ခုလုံးကို ကျွန်တော်တို့ အာရက္ခ တပ်တော်က အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်” ဟု AA ပြောခွင့်ရ ဦးခိုင်သုခက Myanmar Now ကို ပြောသည်။  “ အဲဒီမှာ နပခရဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနဲ့ နပခရဲ့တိုင်းစစ်ဦးစီးမှူး ဗိုလ်မှူးချုပ် ကျော်ကျော်သန်း တို့ကိုလည်း  […]

စစ်ကောင်စီ တပ်ထိပ်ပိုင်း ရာထူးအပြောင်းအလဲလုပ်ခြင်းရဲ့ အကြောင်းခံ၊ ထိုင်းနိုင်ငံက မြန်မာ့အရေး ဆွေးနွေးပွဲ

မိုးမခ၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၄ စစ်ကောင်စီ တပ်ထိပ်ပိုင်း ရာထူးအပြောင်းအလဲလုပ်ခြင်းရဲ့ အကြောင်းခံ၊ ထိုင်းနိုင်ငံက မြန်မာ့အရေး ဆွေးနွေးပွဲ ခုရက်ပိုင်းအတွင်း စစ်ကောင်စီရဲ့ စစ်တပ်အတွင်း တာဝန်ယူထားတဲ့ ထိပ်ပိုင်း ဗိုလ်ချုပ်တွေထဲက ကာကွယ်ရေးဝန်ကြီးရာထူး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နဲ့ အချို့စစ်အရာရှိချုပ် အစရှိတဲ့ ရာထူးတာဝန်တွေကို အပြောင်းအလဲ လုပ်ဆောင်တာကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။  ရေတပ်က လာတဲ့ ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို ကာကွယ်ရေးဝန်ကြီးရာထူးကနေ ဝန်ကြီးချုပ်ရုံးဝန်ကြီး နဲ့ ဒုဝန်ကြီးချုပ် ရာထူးသို့ပြောင်းလဲလိုက်ပြီး ၄င်းရာထူးကို ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ခန့်အပ်ကာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မျက်စေ့ကျခြင်း ခံရတဲ့ ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် ခန့်အပ်လိုက်ပါတယ်။ ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းရဲ့ ရာထူးဖြစ်တဲ့ စစ်ဦးစီး အရာရှိချုပ်ရာထူးကိုတော့ မုံရွာအခြေစိုက် […]

တောင်ကြီး ဆေးရုံတွင် ကချင် အမျိုးသမီးတစ်ဦးကို KIA ဆေးရဲမေဟုဆိုကာ စစ်ကောင်စီ အရပ်ဝတ်ဖြင့် ဝင်ရောက်ဖမ်းဆီး

သျှမ်းပြည် တောင်ကြီးမြို့ ပန်းလှိုင်ဆေးရုံတွင် လူနာစောင့်နေသည့် ကချင်လူငယ် အမျိုးသမီးတစ်ဦးကို KIA ဆေးရဲမေဟုဆိုကာ စစ်ကောင်စီမှ အရပ်ဝတ်များဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ (၁၆) ရက် ည ၁၀ နာရီခန့်တွင် တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ပန်းလှိုင်ဆေးရုံ၌ လူနာစောင့်နေသည့် ကချင်လူငယ် အမျိုးသမီးတစ်ဦးကို TikTok ဗွီဒီယိုမှတဆင့် ခြေရာခံပြီး KIA ဆေးရဲမေဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ ရဲနှင့် ပြည်သူ့စစ် (၁၀) ဦးမှ အရပ်ဝတ်များဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ တောင်ကြီးဒေသခံများက ပြောသည်။ “ည ၁၀ နာရီလောက် လာဖမ်းသွားတာ၊ Tik Tok ဗွီဒီယိုကနေ လာတယ်ပြောတယ်။ အပြင်ဝတ်တွေနဲ့ ၁၀ ယောက်လောက် လာတယ်၊ ရဲလား ပြည်သူ့စစ်လား မပြောတတ်ဘူး။ အခန်းထဲ […]