မကွေး ဒီဇင်ဘာ ၂၅ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့်ဖွင့်လှစ်သည့် Grade-11 နှင့် Grade-12 တွင် သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ဥပဒေဘာသာရပ် သင်ကြားပေးနိုင်ရန် ဆရာ၊ ဆရာမများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (Training of Trainer) (TOT) အမှတ်စဉ် (၅)နှင့် (၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်သန်းနိုင်ညွန့်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တရားလွှတ်တော်တရားသူကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းပို့ချမည့် ဥပဒေအရာရှိများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် […]
https://www.youtube.com/watch?v=q3jiBsZRDlw #Daily_NewsPublished 25 December 2024 ၁။ ကိုရီးယားတွင် အလုပ်လုပ်မည့် အမျိုးသမီးများအတွက် အလုပ်လျှောက်လွှာများ စတင်ခေါ်ယူမည် ၂။ မြန်မာနိုင်ငံတွင် နိုရိုဗိုင်းရပ်စ်ကူးစက်မှုမရှိသေးဟု ကျန်းမာရေးဝန်ကြီးဌာနဆို ၃။ နှစ်သစ်ကူးရုံးပိတ်ရက်အတွင်း အထူးရထားများပြေးဆွဲသွားမည် ၄။ တရုတ်နိုင်ငံ နိုင်ငံတကာနှင်းလျှောစီးအပန်းဖြေစခန်း၌ ရေခဲပြင်နှင့်နှင်းအားကစားပွဲများကျင်းပ … အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ #YMG #Yangon_Times #Yangon_Media_Group Source link
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရွှေတံဆိပ်ဆုရရှိခဲ့သည့် အားကစားသမား ရဲထွန်းနောင် နှင့် Logo, Mascot နှင့် တေးရေး/တေးဆို ပညာရှင်များအား ဂုဏ်ပြုချီးမြှင့်ပွဲသို့ တက်ရောက် နေပြည်တော်၊ ဒီဇင်ဘာ ၂၃ ရက် (၁၅)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိခဲ့သော အားကစားသမား ရဲထွန်းနောင်နှင့် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ် Logo, Mascot နှင့် တေးရေး/တေးဆို ပညာရှင်များအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာ စကားပြောကြားရာတွင် မင်္ဂလာတရားတော်နှင့်အညီ ဂုဏ်ပြုချီးမြှင့်ထိုက်သူကို ထိုက်တန်စွာ ဂုဏ်ပြု ချီးမြှင့်ပေးခြင်းဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် မော်လ်ဒိုက်နိုင်ငံ၌ ကျင်းပခဲ့သည့် (၁၅)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ အမျိုးသားကာယဗလ ၇၅ […]
(၁၉-၁၂-၂၀၂၄ ရက်၊ ဘရပ်ဆဲလ်) ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ လူဇင်ဘတ်နှင့် အီးယူဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်သည် ၁၉-၁၂-၂၀၂၄ ရက်တွင် ဘရပ်ဆဲလ်မြို့ရှိ မလေးရှားသံရုံး၌ မလေးရှားသံရုံးမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ (ABC) ၏ တတိယ အကြိမ် အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေး၌ ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေး မူဝါဒ အကြီးအကဲ/ ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌ (EU High Representative for Foreign Affairs and Security Policy/ Vice-President of the European Commission-HR/VP) သစ် ဖြစ်လာသူ Ms. Kaja Kallas နှင့် ABC သံအမတ်ကြီးများ တွေ့ဆုံနိုင်ရေး ကိစ္စ၊ […]
ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၂၁ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ လူဇင်ဘတ်နှင့် အီးယူဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်သည် ၁၉-၁၂-၂၀၂၄ ရက်တွင် ဘရပ်ဆဲလ်မြို့ရှိ မလေးရှားသံရုံး၌ မလေးရှားသံရုံးမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ (ABC) ၏ တတိယ အကြိမ် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အဆိုပါအစည်းအဝေး၌ ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေး မူဝါဒ အကြီးအကဲ/ ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌ (EU High Representative for Foreign Affairs and Security Policy/ Vice-President of the European Commission-HR/VP) သစ် ဖြစ်လာသူ Ms. Kaja Kallas နှင့် ABC သံအမတ်ကြီးများ တွေ့ဆုံနိုင်ရေး ကိစ္စ၊ […]
https://www.youtube.com/watch?v=Qvg_K7eep_w #Daily_NewsPublished 21 December 2024 ၁။ မြန်မာ့ပြောင်း တန်ချိန် ၁၇ သိန်းကျော်ပြည်ပသို့တင်ပို့ထား ၂။ ၂၀၂၅ ခုနှစ် မိုးဦးအကျစောနိုင်ပြီး လာနီညာဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းကျော်သာရှိဟုဆို ၃။ လာမည့်နှစ်တွင် သဘာဝဘေးကြုံတွေ့ပါက လှူဒါန်းရန် ဆန်တန်ချိန် ၃၅၀ဝ ကို စီစဉ်ထား ၄။ ဆီးရီးယားပဋိပက္ခများဖြစ်ပြီးနောက် စီးပွားရေးပြန်လည်ထူထောင်ရန်လိုအပ်ချက်များအား ကုလသမဂ္ဂအထူးကိုယ်စားလှယ်ထောက်ပြ … အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ #YMG #Yangon_Times #Yangon_Media_Group Source link
(၁၉-၁၂-၂၀၂၄ ရက်၊ ဂျကာတာ) အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ် ဦးမန်ဟောက်ထန် သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပ ပြုလုပ်သည့် ပိုလီယိုအစက်ချကာကွယ်ဆေး (၂.၇၁၆)သန်း doses of Polio bOPV ကို ပို့ဆောင်ခြင်း အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာန၊ ဆေးဝါးစီမံခန့်ခွဲရေးနှင့် ဝန်ဆောင်မှုဆိုင်ရာ ညွှန်ကြားရေးမှူး Dr. Agusdini Banun Saptaningsih ၊ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ညွှန်ကြားရေးမှူး Ms. Rina Setyawati၊ အင်ဒိုနီးရှားအပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအေဂျင်စီ (Indonesian Agency for International Development – Indonesian AID)မှ အမှုဆောင်အရာရှိချုပ် Mr. […]
(၁၉-၁၂-၂၀၂၄ ရက်၊ ဂျကာတာ) အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် ၂-၁၂-၂၀၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ အာဆီယံအမြဲတမ်း ကိုယ်စားလှယ်များကော်မတီ(CPR)နှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာန၊ အင်ဒို-ပစိဖိတ်ရေးရာ ဒုတိယလက်ထောက်ဝန်ကြီး/ အာဆီယံဆိုင်ရာကနေဒါအဆင့်မြင့်အရာရှိကြီး Weldon Epp တို့ အကြားအလွတ်သဘော တွေ့ဆုံသည့်အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည့်။ တွေ့ဆုံစဉ် မြန်မာအမြဲတမ်းကိုယ်စားလှယ်သည် အာဆီယံနှင့် ကမ္ဘာလုံးဆိုင်ရာနိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု အခင်းအကျင်းနှင့် အာဆီယံ-ကနေဒါ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပြီး ပြောင်းလဲဖြစ်ပေါ်လာသော ဒေသတွင်းနှင့်ကမ္ဘာလုံး ဆိုင်ရာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုယန္တရားများတွင် အာဆီယံဗဟိုပြုမှု (ASEAN Centrality)ကို ဆက်လက်ထိန်းသိမ်းရန် အရေးကြီးကြောင်း အလေးထားဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြန်မာအမြဲတမ်းကိုယ်စားလှယ်သည် ၃-၁၂-၂၀၂၄ ရက်တွင် ကျင်းပပြုလုပ် ခဲ့သော တတိယအကြိမ် အာဆီယံ-ဘရာဇီး ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်မှုပူးတွဲကော်မတီ အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည်။ အစည်းအဝေး၌ […]
(၁၇-၁၂-၂၀၂၄ ရက်၊ ဝါရှင်တန်ဒီစီ) အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အရီဇိုးနားတက္ကသိုလ်တို့ပူးတွဲ၍ အမေရိကန်-အာဆီယံ စင်တာတည်ထောင်သည့် (၁)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ၁၇-၁၂-၂၀၂၄ ရက်၊ မွန်းလွဲပိုင်း တွင် အရီဇိုးနားတက္ကသိုလ်၊ ဝါရှင်တန်ဒီစီကျောင်းခွဲ၌ ကျင်းပခဲ့ရာ မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးသက်ဝင်းသည် ဝါရှင်တန်မြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားသို့ တီမောလက်စ်တေသံအမတ်ကြီးလည်း ပါဝင်တက်ရောက်ခဲ့ပြီး၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Daniel Kritenbrink၊ အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာဌာနမှ တာဝန်ရှိသူများ၊ အာဆီယံသံရုံးများနှင့် မိတ်ဆွေနိုင်ငံများမှ သံတမန် များ၊ အာရှပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်အဖွဲ့အစည်းများ၊ သုတေသနအဖွဲ့အစည်းအချို့မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် အာဆီယံအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn […]
https://www.youtube.com/watch?v=K9ccTSRlIdA #Daily_NewsPublished 18 December 2024 ၁။ မလေးရှားသို့ ဆိတ်အရှင်များ ပထမဆုံးအကြိမ်တင်ပို့ ၂။ ရွှေဆိုင်အားလုံး စံချိန်မီ ရွှေ ၁ ကျပ်သား အလေးချိန်ပြောင်းလဲကျင့်သုံးရန် ဆောင်ရွက်နေ ၃။ အင်းလေးအမွေအနှစ်ဖောင်ဒေးရှင်း ယခုနှစ်ကုန်၌ ပိတ်သိမ်းတော့မည်ဟု ကြေညာ ၄။ သက်ကြီးသူတွေများလာသည့်ဂျပန်တွင် ယင်းတို့နှင့်ကိုက်ညီမည့်အလှအပရေးရာဝန်ဆောင်မှုလုပ်ငန်းများတိုးပွားလာနေ… အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ #YMG #Yangon_Times #Yangon_Media_Group Source link