ရခိုင်ပြည်နယ်သို့ စစ်ကူပို့သည့် လမ်းကြောင်းဖြစ်သော မကွေးတိုင်း ၊ ငဖဲမြို့နယ် အမ်း – ပဒါန်းလမ်းပိုင်းပေါ်ရှိ စစ်ကောင်စီ ကင်းစခန်းနှစ်ခု နိုဝင်ဘာ ၅ ရက်က တိုက်ခိုက်ခံရပြီး အရပ်သား ၂ ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့သေဆုံးကြောင်း သိရသည်။ နာရီဝက်နီးပါး ဖြစ်ပွားသည့် တိုက်ပွဲတွင် သေဆုံးသူတို့မှာ ကုန်စိမ်းရောင်းသည့် အမျိုးသမီးတစ်ဦးနှင့် လမ်းသွားလမ်းလာ အမျိုးသားတစ်ဦးတို့ ဖြစ်သည်ဟု လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA) စစ်ဦးစီးချုပ် ကိုနောင်သူရိန်က ဆိုသည်။ “သေဆုံးသွားတဲ့အထဲမှာ တစ်ယောက်ကတော့ ဒေသခံမဟုတ်ဘူး။ ကုန်စိမ်းရောင်းတဲ့အမျိုးသမီး တစ်ဦး လို့ သိထားရတယ်။ နောက်တစ်ယောက်ကတော့ အနီးအနားက ဒေသခံ ရွာသား တစ်ယောက် ဖြစ်တယ်။ သူက တိုက်ပွဲအပြီးမှာ တိုက်ပွဲဖြစ်ပွားတဲ့နေရာကို ဖြတ်အသွားမှာ ပစ်သတ်ခံလိုက်ရတယ်လို့ ကျွန်တော်တို့ ကြားသိရတယ်” ဟု […]
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသား (၁) ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၁ ရက်) နံနက်အစောပိုင်း ၃ နာရီခွဲကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ပေါ် ရပ်ကွက်(၂) စီမံကိန်းရုံး၊ အခွန်ရုံးနှင့် တိုးဂိတ်အနီးရှိ စက်မှုကျောင်းတို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင်(၅၀၀)ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီမနက်အစော ၃ နာရီခွဲ ဝန်းကျင်အချိန်မှာပဲ ဗုံးဆက်တိုက် လာကြဲသွားတယ်။ အမျိုးသားတစ်ဦး ဆုံးတယ်။ ကြဲသွားတာက ရပ်ကွက်(၂) စီမံကိန်းရုံးနဲ့ တိုးဂိတ်နားက စက်မှုကျောင်းဘက်မှာ လာကြဲသွားတယ်။ စီမံကိန်းရုံးတော့ တော်တော် ပျက်စီးသွားတယ်။ […]