ylliX - Online Advertising Network

ဖြူးမြို့နယ်မှ ဟိန္ဒူဘုရား‌ကျောင်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု အရပ်သား ၇ဦးသေဆုံး၊ ၇ဦး ဒဏ်ရာရ – BUR.MIZZIMA.COM

မြန်မာသတင်း, သတင်း ရွှေနွယ် ပဲခူးတိုင်း၊တောင်ငူခရိုင်၊ဖြူးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး ထိခိုက်သေဆုံးမှုများပြားသည့်စစ်ကောင်စီက ဟိန္ဒူဘုရား‌ကျောင်းအားဒရုန်းဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံ ခုနစ်ဦးသေဆုံးပြီး ခုနစ်ဦးထိဒဏ်ရာရရှိခဲ့ကြောင်း ဖြူးမြို့နယ်ပကဖ တာဝန်ရှိသူကပြောသည်။ ဖြူးမြို့နယ်၊ဇေယျဝတီမြို့အရှေ့ဘက် ကျေးရွာများ၌ ဒီဇင်ဘာလ ၂၇ ရက်မှ စတင်၍ ငါးရက်ဆက် တိုက်ပွဲများဖြစ်ပွားပြီး အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၉ ဦးသေဆုံးကြောင်း ဖြူးမြို့နယ် ပကဖထံမှ သိရသည်။ ဒီဇင်ဘာ ၃၁ ရက်တွင် စစ်ကောင်စီတပ်က ဖြူးမြို့နယ်၊ ဇေယျဝတီမြို့အရှေ့ဘက် အမဲခေါင်ကျေးရွာအုပ်စု၊ ရမ်းနဂါးကျေးရွာရှိ ဟိန္ဒူဘုရား‌ကျောင်းသို့ ဒရုန်းဗုံးကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားများထိခိုက်ဒဏ်ရာရရှိခြင်းဟု ဖြူးမြို့နယ် ပကဖ တာဝန်ရှိသူကပြောသည်။ ၎င်းက “အဲ့ဒီနေရာလေးက တိုက်ပွဲဖြစ်တာမဟုတ်ပါဘူး။ အများပြည်သူသွားလာတဲ့နေရာ။ ဘုရားကျောင်းရှိတယ်။ ဟိန္ဒူဘာသာဝင်တွေရှိနေတဲ့နေရာ။ ပထမ […]

အာဖဂန်နစ္စတန်မှာ ပါကစ္စတန်၏လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၄၆ ဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းနယ် စပ်ဒေသတွင် ပါကစ္စတန်၏လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၄၆ ဦးသေဆုံးခဲ့ကြောင်း တာလီဘန်အစိုးရက ဒီဇင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့ပြီး ပါကစ္စတန်လုံခြုံ ရေးတာဝန်ရှိသူများကမူ လက်နက် ကိုင်များပုန်းအောင်းနေသည့်နေရာကို လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့သိရပါတယ်။ ပြတ်သားမှုကိုတော့ကြိုက်တယ် #crd Source link

နွားထိုးကြီးကို လေတပ်က ၄ ရက်ဆက် တိုက်ခိုက်၊ အရပ်သား ၈ ဦး သေဆုံး

‌နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ကို လေတပ်က ၄ ရက်ဆက် ဗုံးကြဲရာ ကလေးများအပါအဝင် ဒေသခံ ၈ ဦး သေဆုံးကြောင်း ဒေသခံများ၊  တော်လှန်ရေးအဖွဲ့များနှင့် ပြောကြသည်။ ယနေ့ (ဒီဇင်ဘာ ၅) နံနက် ၅ နာရီခွဲဝန်းကျင်တွင် မြို့တောင်ဘက် ၅ မိုင်ကျော်အကွာ နွားထိုးကြီး- မလှိုင် ကားလမ်းဘေးကပ်လျက်ရှိ အောင်ပန်းကုန်းကျေးရွာကို ဗုံးကြဲခဲ့ရာ  မိသားစုဝင် ၃ ဦး သေဆုံးသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။  သေဆုံးသူတို့မှာ ဦးကျော်သူမိုး၊ ဒေါ်ခင်အေးကျင်နှင့် သားဖြစ်သူ မောင်အောင်ပြည့်လျှံ (၉ နှစ်) တို့ ဖြစ်သည်ဟု အနီးရှိ ကျေးရွာတစ်ရွာမှ အသက် ၂၅ နှစ်အရွယ် ဒေသခံအမျိုးသားက ဆိုသည်။   “မနက်ခင်း ထမင်းချက်နေတဲ့အချိန် လေယာဉ် […]

TNLA ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား (၄၀) နီးပါးသေဆုံး

တအောင်း(ပလောင်)အမျိုးအသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့်နယ်မြေအတွင်း စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် နိုဝင်ဘာ တစ်လအတွင်း အရပ်သား (၄၀)နီးပါး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ တစ်လအတွင်း စစ်ကောင်စီ၏လေကြောင်းဗုံးကြဲမှုများကြောင့် TNLA ထိန်းချုပ်ထားသည့် သျှမ်းပြည် မြောက်ပိုင်း နောင်ချို၊ မိုင်းငေါ့၊ ကွတ်ခိုင်နှင့် မန္တလေးတိုင်း မိုးကုတ်မြို့တို့ တွင် အရပ်သားပြည်သူ ၃၈ ဦးသေဆုံးခဲ့ပြီး ၇၀ ဦး ဒဏ်ရာရရှိခဲ့ကာ လူနေအိမ် အလုံး (၁၃၀) ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့်အဆောက်အဉီး လေကြောင်းဖြင့်တိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများတွင် ကလေးငယ်များလည်းပါဝင်ပြီး သံဃာတော် (၂) ပါး အပါအဝင် ဒေသခံပြည်သူ ၇၀ ဦး ဒဏ်ရာရရှိခဲ့သည်။ TNLA ၏ ထုတ်ပြန်ချက်တွင် နောင်ချိုမြို့အတွင်း သေဆုံးသူ […]

စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် တအောင်းဒေသမှာ နိုဝင်ဘာလအတွင်း အရပ်သား ၃၈ ဦးသေဆုံးပြီး ၇၀ ဦးဒဏ်ရာရ – Western News

အာဏာသိမ်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရှမ်းမြောက် တအောင်းဒေသမှာ ကုန်ခဲ့သည့် နိုဝင်ဘာလအတွင်း အပြစ်မဲ့အရပ်သားပြည်သူ ၃၈ ဦးသေဆုံးခဲ့ရပြီး ၇၀ ဦးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကာ နေအိမ် ၁၃၀ လုံး ထိခိုက်ပျက်စီးသွားကြောင်း တအောင်းတပ် TNLA က ယနေ့ ထုတ်ပြန်သည်။ နောင်ချိုမြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် ဒေသခံ ၁၆ ဦးသေဆုံးပြီး ဦးဇင်း နှစ်ပါး အပါအဝင် ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၅၇ လုံးနှင့် ကား ၈ စီး ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။ မိုးကုတ်မြို့ အရှေ့ပိုင်းနှင့် အနောက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်မှ ဂျက်ဖိုတ်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၉ ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး အပါအဝင် ၁၃ […]

ရွာငံတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နှင့် အရပ်သား သေနတ်ပစ်သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ၊ဘုရားကြီးကုန်းကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုး နှင့် အရပ်သားတစ်ဉီး ကို အမည်မသိ လက်နက်ကိုင်က သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ (၂၆) ရက် ညနေ ၆ နာရီတွင် အမည်မသိ အမျိုးသားနှစ်ဉီးက စစ်ကောင်စီ အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးနိုင်တို့၏ နေအိမ်ကို ရောက်ရှိလာသည်။ ထိုအချိန်တွင် အုပ်ချုပ်ရေးမှူး ဦးဇာ်မျိုးနိုင်နှင့် အရပ်သားဦးဆန်းဉီးတို့သည် ဧည့်ခန်း၌ စကားထိုင်ပြောနေစဉ် အမည်မသိ လက်နက်ကိုင် အမျိုးသားနှစ်ဉီးက ဝင်ရောက်လာပြီး သေနတ်ဖြင့် ပစ်သတ်သွားကြောင်း မျက်မြင်တွေ့ရှိသည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ အုပ်ချုပ်ရေးမှူးနဲ့ အရပ်သားတစ်ဉီး စကားပြောနေချိန်မှာ သေနတ်နဲ့ပစ်သတ်သွားတာပဲ။ နှစ်ယောက်စလုံးသေတယ်။ ဒီဘက်ကတော့ ပြောနေကြတာ PDF တွေလာသတ်တယ်လို့ပြောကြတာပဲ” ဟု ၎င်းက ဆိုသည်။ […]

တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း အရပ်သား ၁၄၀ ကျော် ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် တန်ဆောင်တိုင် ကာလအတွင်း ပြည်သူ၁၄၀ ကျော်ဖမ်းဆီးခံရကြောင်း ဒေသတွင်း သတင်းရင်းမြစ်ဆီက သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလကတည်းက တောင်ကြီး မြို့ပေါ်တွင် ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့ပြီး တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ညဘက်ပေါ်တာဆွဲဖမ်းဆီးခံရမှုများ ပိုများပြားလာကြောင်း မြို့ခံများထံမှ သိရသည်။ ထိုကဲ့သို့ ဖမ်းဆီးခံရသူများမှာ စဝ်စံထွန်းရပ်ကွက်တွင် (၁၀) ဦး၊ ညောင်ဖြူစခန်း (၁၂)ဦး၊ ရတနာသီရိတွင် (၁၅)ဦး၊ ချမ်းမြရပ်ကွက် (၁၀)ဦး၊ ရွှေတောင်ရပ်ကွက် (၂၀)ဦး၊ စိန်ပန်းရပ်ကွက် (၁၆) ဦး၊ကံသာရပ်ကွက် (၁၄)ဦး၊ ကျောင်းကြီးစုတွင် (၂၃)ဦး၊ မင်္ဂလာဦးတွင် (၁၀)ဦးနှင့် ဘုရားဖြူရပ်ကွက်တွင် (၁၆)ဦး တို့ ပေါ်တာဆွဲ ဖမ်းဆီးခံရကြောင်း TGI SRမှ နိုဝင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။ အရင်နှစ်တန်ဆောင်တိုင်ပွဲတော် ဖမ်းဆီးခံရသူ အများစုမှာ […]

ကွတ်ခိုင်နှင့် မိုင်းငေါ့မြို့များ ဗုံးကြဲခံရ၊ အရပ်သား ၃ ဦး သေဆုံး

တအာင်းတပ် (TNLA)  ထိန်းချုပ်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နှင့် မိုင်းငေါ့မြို့တို့ကို ယမန်နေ့ (နိုဝင်ဘာ ၁၇) တွင် လေတပ်က ဗုံးကြဲရာ ကလေးတစ်ဦး၊ အမျိုးသမီး ၂ ဦး သေဆုံးကာ ၁၈ ဦးခန့် ဒဏ်ရာရ ရှိသွားကြောင်း ဒေသခံများနှင့် TNLA ထံမှ သိရသည်။ ယမန်နေ့ ည ၁၁း၄၇ အချိန်တွင်  ကွတ်ခိုင်မြို့ပေါ်  ရပ်ကွက်(၄)ကို ဗုံးကြဲခြင်း ဖြစ်သည်ဟု TNLA က ဆိုသည်။  ထိုရပ်ကွက်ရှိ တရုတ်နှစ်ခြင်းခရစ်ယာန်ကျောင်းအနီး ဗုံး ကျရောက်ပေါက်ကွဲမှုအရှိန်ကြောင့် နေအိမ်များ၊ ဆိုင်ခန်းတံခါးများ ပျက်စီးခဲ့သည်ဟု ဒေသခံများကလည်း ပြောကြသည်။ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၆ ဦးလည်း ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၈ လုံးခန့် […]

ဒမတ်စကတ်တွင် အစ္စရေး၏ တိုက်ခိုက်မှုအတွင်း အနည်းဆုံး အရပ်သား ၁၅ ဦး သေဆုံး

ဘေရွတ်၊ နိုဝင်ဘာ ၁၄ ဒမတ်စကတ်အနောက်ဘက် ခရိုင်တွေကို အစ္စရေးက ဒုံးကျည်နဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး ဆီးရီးယားနိုင်ငံသား ၁၅ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆီးရီးယား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး SANA သတင်းဌာနက ဖော်ပြထားသည်။ အစီရင်ခံစာအရ သေဆုံးသူများတွင် အမျိုးသမီးများနှင့် ကလေးငယ်များ ပါဝင်သည်။ ဒေသစံတော်ချိန် ညနေ (၃ ၂၀) နာရီတွင် သိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်မှ ပြင်းထန်သောတိုက်ခိုက်မှုကို ပြုလုပ်ခဲ့သည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြို့တော်ရှိ Mezze Avenue နှင့် Damascus မြို့ဆင်ခြေဖုံး Qudssaya ရပ်ကွက်ရှိ လူနေအိမ်အဆောက်အအုံများဆီသို့ ဒုံးကျည်များဖြင့် ပစ်လွှတ်ခဲ့ရာ လူ ၁၅ ဦး သေဆုံးပြီး […]

စစ်ကောင်စီဖမ်းထားတဲ့ ဖယ်ခုံက အရပ်သား ၁၄၀နီးပါး ထိန်းသိမ်းခံနေရဆဲ

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ပူချယ်ကျေးရွာကနေ ကောက်ရိတ်ပြီး ပြန်လာတဲ့ အရပ်သား အယောက် ၂၀၀ ကို စစ်ကောင်စီက ဖမ်းဆီးပြီး ပင်လောင်းမြို့နယ်ထဲ ထိန်းသိမ်းထားတာပါ။ အခုဖမ်းဆီးခံရတဲ့သူတွေထဲက လူအယောက် ၆၀ ကျော်ကို ကျပ်ငွေ သုံးသောင်းပေးလို့ ပြန်လွှတ်လိုက်ပြီး ကျန်တဲ့သူတွေကိုထိန်းသိမ်းထားဆဲပဲလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဗွီအိုအေကို ပြောပါတယ်။ စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ဒေသတွေမှာ အရပ်သားတွေကို ဖမ်းဆီးနေတဲ့အခြေအနေက စိုးရိမ်စရာပါလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ကလည်းပြောပါတယ်။ ဖယ်ခုံက အရပ်သား ရာချီ ဖမ်းဆီးခံရတဲ့ နောက်ဆုံးရအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။ (၁၁၁၁) စစ်ဆင်ရေးတစ်နှစ်ပြည့်တဲ့နေ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ရက်နေ့က ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ပူချယ်ကျေးရွာကနေ ကောက်ရိတ်ပြီး ပြန်လာတဲ့ အရပ်သား အယောက် ၂၀၀ ကို စစ်ကောင်စီတပ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့အကြောင်း ကရင်နီအမျိုးသားများတပ်ကာကွယ်ရေးတပ်(KNDF) […]